Arsenal မှ Man U နောက်တန်းကစားသမား Eric Bailly ကိုခေါ်ယူရန် Man Uကငြင်းပယ်လိုက်ပါတယ်။ Arsenal ဟာ Billy ကိုလိုချင်နေတာဖြစ်ပြီး ရာဦမကုန်ခင်မှာ ခေါ်ယူဖို့ အစီအစဉ်ရှိနေပါတယ်။ သို့သော်များလဲ Man Uဟာ အသက်၂၄နှစ်သာရှိသေးတဲ့ ကစားသမားကောင်းတစ်ယောက်ကိုမဆုံးရှုံးချင်ပါဘူး။ Bailly ဟာ Mourinho ၂၀၁၆ နွေရာသီတုန်းက ပေါင်းသန်း၃၀နဲ့ခေါ်ယူထားတဲ့ကစားသမားပဲဖြစ်ကာ စာချုပ်အရဆို ၁၈လတောင်ကျန်ပါသေးတယ်။ 

ဒါပေမဲ့ Bailly ဟာ ဆိုးရှားရဲ ၇ပွဲမှာ ၁ပွဲသာ ကစားရသေးတာဖြစ်ပါတယ်။ Man U ဟာလဲသူ့ကို မရောင်းချင်ပါဘူး.....ဒီလောက်တော်တဲ့ ကစားသမားတစ်ယောက်ကိုရောင်းဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ Bailly ဟာလဲမန်ယုမှာပဲ ဆက်လက်နေချင်ကာ သူရဲ့ခံစစ်ပုံစံကောင်းမှုတွေကို ပြသချင်နေပါတယ်။ ဆိုးရှာကလဲ သူ့ကိုခုမှ တစ်ပွဲပဲ ပေးကစားထားပါသေးတယ်။ သို့သော်လဲ သူဟာ မန်ယူမှာပဲ ဆက်လက်ကစားသွားဖို့ အစီအစဉ်ရှိကာ မန်ယူကလဲ သူ့ကိုမရောင်းထုတ်ပါဘူး။ 

Arsenal ကလဲ ဗဟိုခံစစ်နေရာမှာ လူလိုအပ်နေတာမို့ Bailly ကို ခေါ်ယူနေရချင်းပဲဖြစ်ပါတယ်။ အာဆင်နယ်နည်းပြ Unai Emery ကလဲ နောက်တန်းကစားသမားတွေဖြစ်တဲ့ Rob Holding နဲ့ Hector Bellerin တို့ကိုလဲ သူ့တို့ဒဏ်ရာရပြီးနောက်မှာတော့ နောက်တန်းအတွက် လူလိုအပ်နေခဲ့ပါတယ်။ ဆုံးရှုံးမှုကတော့ မများလှပါဘူး။ Man Uနဲ့ Arsenal ဟာခုချိန်မှာ အမှတ်တူနေပြီ ဂိုးတော့ကွာကြပါတယ်။ သောကြာနေ့မှာ ဆိုရင်တော့ နှစ်သင်းဟာ Fa Cup မှာ ထိပ်တိုက်ရင်ဆိုင်ရမှာပဲဖြစ်ပါတယ်။

Source : Daily Mail Football

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။