ဒီနှစ်အကယ်ဒမီပွဲမှာ လုံလုံခြုံခြုံဝတ်စားဆင်ယင်ရမယ်လို့ စည်းကမ်းထုတ်ထားပေမယ့် ...

လည်ဟိုက်ပြီး ရင်ညွန့်ထိပေါ်နေတဲ့ ဝတ်စုံကို ဝတ်လာတဲ့ မင်းသမီးတစ်ယောက်ကို

Page တစ်ခုက စတင်တိုက်ခိုက်ခဲ့ရာကစ ပရိတ်သတ်တွေကြား ဂယက်ရိုက်စရာတစ်ခုဖြစ်လာခဲ့ပါတယ် ။

သူပြထားတဲ့ပုံထဲမှာ ခင်ပွန်းနဲ့ အတူတတ်ရောက်လာတဲ့ မင်းသမီးမေထွဋ်ခေါင်ရဲ့ မြန်မာဝတ်စုံဟာ

အပါးသားနဲ့စပ်ချုပ်ထားတဲ့ ရင်ခံအောက်ကိုလွန်စွာလျှောနေခဲ့ပြီး ရင်ညွှန့်ပေါ်နေခဲ့ပါတယ် ။

ရိုင်းစိုင်းတဲ့ အသုံးအနှုန်းတွေနဲ့ပြောဆိုထားတဲ့အတွက် ပရိတ်သတ်များအမြင်မမှားစေဖို့

မင်းသမီးက သူ့ လူမှုကွန်ယက်မှာပြန်လည်ရှင်းပြထားခဲ့ပါတယ် ။

အမှန်ကတော့ မေထွဋ်ခေါင်ဟာ ကလေးမွေးထားတာမကြာသေးတဲ့ သားသည်မိခင်ပါ ။

နို့မပြတ်သေးတဲ့ ကလေးကို မိခင်နို့တစ်မျိုးထဲသာတိုက်ကျွေးချင်တဲ့မေတ္တာနဲ့ စောင့်ရှောက်ခဲ့တာမို့

အကယ်ဒမီပေးပွဲတတ်ရောက်ရမယ့်အခါ သမီးလေးကိုပါ အိမ်မှာထားခဲ့လို့မဖြစ်တဲ့အတွက် ခေါ်လာခဲ့ရပါတယ် ။

ပွဲကိုခနပဲတက်ပြီး ပြန်မယ်လို့စဉ်းစားထားပေမယ့် ပွဲစီစဉ်မှုအရ လမ်းတွေကိုပိတ်ထားပီး ၉နာရီမှပြန်ဖွင့်ပေးခဲ့တာကြောင့်

့ပြန်လို့မရခဲ့ပါဘူး ။ ဖြစ်လာတဲ့ အခြေအနေမှာအဆင်ပြေဖို့ ပွဲမစခင်နဲ့ ပွဲစတဲ့ထိ ကလေးကို ကားထဲထိ ဝင်လိုက် ထွက်လိုက် နဲ့

အကြိမ်ကြိမ် ကလေးနို့ဆာတိုင်း အပြေးသွားတိုက်ရတာပါ ။ ခနခနနို့တိုက်နေရတာမို့ မလွတ်လပ်တဲ့အတွက် အထဲကအတွင်းခံကို

ဖြုတ်လိုက်တဲ့အခါ အကျီီမှာ ပုံမာပါပြီးပေမယ့် လျှောလျှောကျလာလို့ ဒီလိုအခြေအနေဖြစ်သွားတာပါတဲ့ ။

မင်းသမီးကလဲ ပရိတ်သတ်အထင်လွဲမှာစိုးလို့ သူ့ရဲ့ အခြေအနေကို ပရိတ်သတ်ကိုရှင်းပြတဲ့အပြင် မင်းသမီးရဲ့ ဝတ်စုံကိုချုပ်ပေးတဲ့

ဒီဇိုင်းနာကိုယ်တိုင်ကလဲ ထိုနေ့ကအဖြစ်အပျက်ကို သက်သေခံပုံတွေနဲ့ တစ်ကွပြောပြပေးထားပါတယ် ။

ပုံတွေထဲမှာတော့ သမီးလေးနို့ဆာချိန်တိုင်းနေရာမရွေးနိုင်ဘဲ အရှက်တွေဘေးချိတ်ပြီးအပြေးအလွှားနို့တိုက်နေတဲ့ မိခင်တစ်ယောက်ရဲ့

ပုံရိပ်တွေကိုတွေ့မြင်ရပါတယ် ... မိခင်မေတ္တာဆိုတာ ဒါပါလားလို့တွေးမိသွားလောက်အောင် မေထွဋ်ခေါင်ရဲ့ သူ့သမီးလေးအပေါ်

ချစ်ခင်မြတ်နိုးမှုက ပေါ်လွင်နေတာပါ ... ဒါကြောင့်မို့ မသိသေးသူများ အမြင်မမှားရအောင် အဖြစ်မှန်ကို မျှဝေပေးလိုက်ပါတယ် ...

မိခင်မေတ္တာကို တန်ဖိုးထားသူတိုင်းလဲ ထပ်ဆင့်မျှဝေပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်နော် ...

Source : May Htut Khaung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။