အေစီမီလန်အသင်းရဲ့တိုက်စစ်မှူးတစ်ယောက်ဖြစ်တဲ့ဟီဂူအင်ကတော့ချယ်လ်ဆီးအသင်းကိုတရားဝင်ရောက်ရှိလာခဲ့ပါပြီ။တိုက်စစ်မှူးပြဿနာတွေကြုံနေရတဲ့ချယ်လ်ဆီးအသင်းကအသင်းရလဒ်ဆိုးတွေကရုန်းထွက်နိုင်ဖို့အတွက်တိုက်စစ်မှူးသစ်တစ်ယောက်ကိုအမြန်ခေါ်ယူလိုက်တာဖြစ်ပါတယ်။ချယ်လ်ဆီးအသင်းတိုက်စစ်မှူးမိုရတာကလည်းအသင်းကထွက်ခွာဖို့ရှိနေတာကြောင့်ယခုလိုတိုက်စစ်မှူးသစ်တစ်ယောက်ကိုခန့်အပ်လိုက်တာဖြစ်ပါတယ်။

ဟီဂူအင်ကတော့အသက်အရွယ်ရနေပေမယ့်ခြေစွမ်းပိုင်းအကောင်းဆုံးမှာရှိနေတဲ့ကစာသမားကောင်းတစ်ယောက်ဖြစ်ပါတယ်။ချယ်လ်ဆီးအသင်းရဲ့ပရိသတ်တွေကလည်းဟီဂူဟင်ပြောင်းရွေ့ခဲ့တာကိုဝမ်းမြောက်ဝမ်းသာကြိုဆိုခဲ့ကြတာပါ။ဟီဂူအင်ကတော့နာမည်ကြီးထိပ်သီးကလပ်တွေမှာပဲကစားခဲ့တာကြောင့်ချယ်လ်ဆီးအသင်းအတွက်တော့အားကိုရမယ့်တိုက်စစ်မှူးဖြစ်လာမှာပါ။

ချယ်လ်ဆီးအသင်းကိုရောက်လာတဲ့ဟီဂူအင်ကလည်း""ချယ်လ်ဆီးအသင်းကို ရောက်ရှိခဲ့တဲ့အတွက် အရမ်းကို ပျော်ရွှင်မိပါတယ်..။ အခုလိုအခွင့်အရေး ရောက်ရှိလာတဲ့အချိန် ကျွန်တော်ဘယ်လိုမှ လက်လွှတ်မခံနိုင်ပါဘူး..။ ချယ်လ်ဆီးလို သမိုင်းကြောင်း အစဉ်အလာ ကြီးမားတဲ့ အသင်းတစ်သင်းကို ရောက်ရှိခဲ့ရသလို မော်ရစ်စ်ဇီယို ဆာရီ နဲ့ ထပ်မံလက်တွဲခွင့် ရခဲ့တဲ့အပေါ် အရမ်းကို စိတ်လှုပ်ရှားမိပါတယ်"ဆိုပြီးပြောသွားခဲ့ပါတယ်။ဟီဂူအင်ကတော့ချယ်လ်ဆီးအသင်းကိုရာသီကုန်အထိပြောင်းရွေ့လာခဲ့တာဖြစ်ပါတယ်။

SOURCE:Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။