မနေ့ကယှဉ်ပြိုင်ကစားတဲ့ပြင်သစ်လိဂ်ဖလားပွဲစဉ်တစ်ပွဲဖြစ်တဲ့PSGအသင်းနဲ့စထရာဘိုးအသင်းတို့ပွဲစဉ်မှာPSGအသင်းက(၂-ဝ)နဲ့အနိုင်ရခဲ့ပါတယ်။ပွဲစဉ်မှာ ပထမပိုင်း (၄)မိနစ်ကတည်းက PSG က ကာဗာနီရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နေခဲ့ပြီး အသာစီးကနေ ကစားနိုင်ခဲ့တာပါ။ဒီပွဲစဉ်မှာတော့PSG အသင်းတိုက်စစ်မှူး နေမာ ကပြိုင်ဘက်ကစားသမားနဲ့ထိခိုက်မိပြီးဒဏ်ရာအပြင်းထန်ရခဲ့ပါတယ်။

နေမာရဲ့ဒဏ်ရာကိုဆေးစစ်အဖွဲ့တွေကစစ်ဆေးပြီးနောက်မှာကစားဖို့မဖြစ်နိုင်တော့တာကြောင့်လူစားလဲခဲ့ရတာဖြစ်ပါတယ်။နေမာကတော့အဆိုပါဒဏ်ရာကြောင့်ကွင်းထဲကထွက်သွားချိန်မှာငိုပြီးထွက်သွားခဲ့တာဖြစ်ပါတယ်။ခြေစွမ်းတွေပြပြီးဂိုးတွေသွင်းယူတဲ့ကစားသမားဖြစ်တာကြောင့်ပရိသတ်တွေစိတ်မကောင်းဖြစ်ခဲ့ရပါတယ်။

PSGအသင်းဟာဖေဖော်ဝါရီ၁၃ရက်နေ့မှာချန်ပီယံလိဒ်ရှံးထွက်အဆင့်ကိုကစားရမှာဖြစ်ပါတယ်။PSGကတော့နာမည်ကြီးမန်ယူအသင်းနဲ့တွေ့ဆုံရမှာဖြစ်တာကြောင့်နေမာအဲ့ချိန်ထိပြန်မကစားနိုင်မှာကိုစိတ်ပူနေကြတာပါ။အတိအကျမသိရပေမယ့်ဒဏ်ရာကအချိန်တော်ကြာအနားယူရမယ်လို့သတင်းတွေထွက်နေတာပါ။မန်ယူနဲ့ကန်မယ့်ချန်ပီယံလိဒ်ပွဲစဉ်မှာနေမာမပါခဲ့ရင်တော့PSGအသင်းအတွက်အဆိုပါပွဲစဉ်ကအခက်ခဲတစ်ခုဖြစ်လာမှာပါ။

SOURCE:FOR SPORT

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။