ပရိသတ်ကြီးကို ဒီတစ်ပါတ်တင်ဆက်ပေးမှာကတော့ ဂြိုလ်သားမောင်းသူမဲ့ယာဉ်ပျံကို စပိန်ကင်းလှည့်ရဲတွေက တွေ့ရှိပြီးရိုက်ကူးခဲ့တဲ့ ရှော့ခ်ဖြစ်စေတဲ့ ပုံရိပ်အကြောင်းပဲဖြစ်ပါတယ်။ ထိုယာဉ်ပျံတွေက ကျနော်တို့ကိုစောင့်ကြည့်နေတာဖြစ်တယ်လို့ အချို့စပိန်ရဲတွေရဲ့ထင်မြင်ချက်အရ ဆိုထားတာကိုလည်းတွေ့ရမှာဖြစ်ပါတယ်။ 

ဒါ့အပြင်စပိန်ရဲအရာရှိတစ်ဦးက ကောင်းကင်ပေါ်မှာလင်းထင်သွားပြီး ပုံမှန်မဟုတ်သောအရာတစ်ခုခုက ဖြတ်သန်းသွားတဲ့ အသံကို ကြားလိုက်ရတာကြောင့် အလျင်အမြန် ဓာတ်ပုံတွေရိုက်ကူးခဲ့ကြတာဖြစ်ပါတယ်။ ပရိသတ်ကြီးရေ တစ်ကယ့်ကို အံ့အားသင့်ဖွယ် ထူးဆန်းတဲ့သတင်းတစ်ခုလို့ဆိုရမှာဖြစ်ပါတယ်။ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေဟာဆိုရင်လည်းတစ်ကယ့်ကို စိတ်ဝင်စားဖွယ်မြင်တွေ့ရမှာပဲဖြစ်ပါတယ်။

ကျွမ်းကျင်ပညာရှင်တွေရဲ့အဆိုရ "ဒီပန်းကန်ပြားပျံရဲ့ အမျိုးအစားက cloaked ဖြစ်ပါတယ်။ ဒါပေမယ့် ရဲမော်တော်ယာဉ်၏ စူးရှတဲ့ အပြာရောင်မီးသီးများကြောင့် အလင်းပြန်သွားတာမလို့ အဆိုပါပန်းကန်ပြားပျံရဲ့ အရွယ်အစားနဲ့ပတ်သက်ပြီး ဒဿမ ၅ ကနေ ၁ မီတာလောက်အရွယ်အစားရှိတဲ့ အသေးစား ပုံရိပ်လေးပဲ ဖမ်းမိခဲ့တာလို့ဆိုပါတယ်။ "ဒီပန်းကန်ပြားပျံရဲ့ စောင့်ကြည့်ခြင်းနှင့် ၎င်းတို့၏လှုပ်ရှားမှုများကို မှတ်တမ်းတင်ခဲ့တယ်ဆိုတာ အမှန်တရား ဖြစ်တယ်လို့" စပိန်ရဲ အရာရှိကအခုလို ဖွင့်ဟဝန်ခံခဲ့တာဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းက ထူးခြားအံ့သြဖွယ်သတင်းများကို Myanmarload ပရိသတ်ကြီးအတွက် ဗဟုသုတရဖွယ်သိမှတ်စရာတစ်ခုအနေနဲ့ မျှဝေတင်ဆက်ပေးလိုက်ပါတယ်။

Source EXPRESS 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။