ထိုင်းနိုင်ငံကတော့ သူတို့နိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲကို လာမယ့် မတ်လ ၂၄ ရက်နေ့မှာ ကျင်းပပြုလုပ်သွားမယ်လို့ သတ်မှတ်လိုက်ပါပြီ။

အခုလို အထွေထွေရွေးကောက်ပွဲကိုတော့ ပြည်သူတွေ စောင့်ဆိုင်းနေတာ ကြာမြင့်ခဲ့ပြီဲဖြစ်ပြီး ယခုချိန်မှာတော့ သူတို့ရဲ့မျှော်လင့်ချက်တွေဟာ ရောင်ခြည်သန်းလာခဲ့ပြီပဲဖြစ်ပါတယ်။

ယခုရွေးကောက်ပွဲကျင်းပမယ့်ရက်ကိုတော့ ထိုင်းဘုရင် မဟာဝဇီရာလောင်ကွန်း ကိုယ်တိုင်သတ်မှတ်ပေးခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ စည်းမျဉ်းခံ ဘုရင်စနစ်အရ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ဖို့ တော်ဝင်အမိန့်စာလိုအပ်တယ်လို့သိရပါတယ်။ 

၎င်းအမိန့်အရဆိုရင်ဖြင့် လက်ရှိအချိန်မှာစတင်၍ ထိုင်းနိုင်ငံအတွင်းက နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်ပဲတွေ တရားဝင် စတင်နိုင်ပြီပဲဖြစ်ပါတယ်။

ဒါ့အပြင်၎င်းအမိန့်အရ ရွေးကောက်ပွဲအတွင်းက မဲရလဒ်တွေကို ၂ လထက်မနောက်ကြဘဲ ထုတ်ပြန်ပေးရမှာဖြစ်တယ်လို့သိရပါတယ်။ 

source _DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။