သရုပ်ဆောင်အကယ်ဒမီ ယွန်းယွန်း ကတော့ အကယ်ဒမီပွဲနေ့ ပြီးတာတောင် ရှိုးပွဲတွေနဲ့ အလုပ်တွေများနေတဲ့ပုံပါပဲ။

တက္ကသိုလ်စာမေးပွဲတွေကတော့ ဒီနေ့ကစပြီးဖြေရမှာဖြစ်ပေမယ့် မဖြေခင် တစ်ရက်အလိုမှာတော့ ယွန်းယွန်းတစ်ယောက် စာမလုပ်ဖြစ်သေးဘဲ ရှိုးလျှောက်နေရတယ်လို့ သိရပါတယ်။

ချက်ထရီယမ် ဟော်တယ်မှာ ကျင်းပပြုလုပ်တဲ့ ဖက်ရှင်ရှိုးတစ်ခုမှာ ယွန်းယွန်းက အနီရောင် ဂါဝန်လေးနဲ့ အလှပဆုံးရှိုးလျှောက်ခဲ့ပါတယ်။

စာတွေပိုင်နေပုံရတဲ့ ယွန်းယွန်းတစ်ယောက် သူမရဲ့ ဓာတ်ပုံလေးတွေကို ဖေ့ဘုတ်မှာ တင်ခဲ့ပြီး နောက်ဆုံးပုံကို ကြည့်ဖြစ်အောင်ကြည့်ပါလို့လည်း ပရိသတ်တွေကိုစနောက်ပြီး ပြောလိုက်ပါသေးတယ်။

အဆိုပါနောက်ဆုံးဓာတ်ပုံထဲမှာ စင်မြင့်အောက်ကနေ ယွန်းယွန်းကို စိတ်ဝင်တစားကြည့်နေတဲ့ မြန်မာပြည်သိန်းတန်ရဲ့ ဇနီး ဒေါက်တာနုနန္ဒာသန်း ကိုတွေ့ရပါတယ်။

အဲဒီပုံအောက်မှာ “ စိတ်ဝင်တစား နဲ့ အားပေးနေတာပေါ့နော် ချစ်တယ်သူ့ကို” လို့ ရေးသားထားပါတယ်။

ယွန်းယွန်းတစ်ယောက် မြန်မာပြည်သိန်းတန်ရဲ့ ချစ်ဇနီးကို ကြိတ်ကြွေနေတဲ့ပုံပဲနော်။

သတင်းအရင်းမြစ် Yoon yoon

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။