အမေရိကန်နိုင်ငံမှာတော့ နယူးယောက်မြို့ပြင်နားမှာဖြစ်ပေါ်မယ့် တိုက်ခိုက်မှုတစ်ခုကို ဖြိုခွင်းနိုင်ခဲ့တယ်လို့သိရပါတယ်။

၎င်းတိုက်ခိုက်သူတွေဟာ နယူးယောက်မြို့ပြင်က မွတ်စလင် အသိုက်အဝန်းတခုကို တိုက်ခိုက်ဖို့ စီစဉ်ထားသူတွေပဲဖြစ်ပါတယ်။

သို့ပေမယ့် အမေရိကန်တပ်ဖွဲ့ဝင်တွေက သူတို့ရဲ့တိုက်ခိုက်မှုမစတင်ခင်မှာပဲ ဖမ်းဆီးနိုင်ခဲ့သလို အိမ်လုပ်ဗုံး ၃ လုံးနဲ့ သေနတ်အရေအတွက် နှစ်ဒါဇင်နီးပါးကိုလည်း သိမ်းဆည်းရရှိခဲ့ပါတယ်။

အမေရိကန်တွေ ဖမ်းဆီးနိုင်ခဲ့တဲ့သူတွေကတော့ အမျိုးသားသုံးယောက်ဖြစ်ပြီး သူတို့ကို လက်နက်ကိုင်တိုက်ခိုက်ရန် ကြံစည်မှုနဲ့ စွဲချက်တင်ထားတယ်လို့သိရပါတယ်။

၎င်းအမျိုးသားတို့ တိုက်ခိုက်ရန်ကြံရွယ်ခဲ့တဲ့ Islamberg ဒေသဟာ ဟိုအရင်အချိန်တွေတုန်းကလည်း မသမာသူတွေရဲ့ ပစ်မှတ်ထားမှုကို ခံခဲ့ရဖူးပြီး မွတ်စလင်လူမျိုး အနည်းစုက တည်ထောင်ထားတဲ့ ဒေသတစ်ခုဖြစ်တယ်လို့သိရပါတယ်။

source _DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။