အခုတစ်ခေါက်မှာဖော်ပြပေးချင်တာလေးကတော့ အရုပ်ကောက်စက်တစ်ခုကြောင့် စိတ်နာသွားခဲ့ရတဲ့ အမျိုးသားတစ်ဦးရဲ့ ရယ်ရခက် ငိုရခက် ဖြစ်စေခဲ့တဲ့ ဖြစ်ရပ်လေးတစ်ခုအကြောင်း ဖော်ပြပေးချင်ပါတယ်။ ပရိသတ်ကြီးရော ငယ်ငယ်တုန်းကပဲ ဖြစ်ဖြစ် အခုချိန်ထိပဲ ဖြစ်ဖြစ် အရုပ်ကောက်စက်ကနေ အရုပ်လေးတွေကို ကောက်ဖူးကြမယ်ထင်ပါတယ်။ ဒါပေမယ့်လည်း ကောက်ရတာ အလွန်ခက်ခဲသလို ၁၀ခါကောက်တာတောင် တစ်ခါလောက်ပြန်ရချင်မှရတတ်တာပဲ ဖြစ်ပါတယ်။ 

Amrozi လို့အမည်ရတဲ့ အမျိုးသားတစ်ယောက်ဟာ အရုပ်ကောက်စက်ကနေ မမျှော်လင့်ပဲ Iphone X ဖုန်းဘူးလေးကို ကံစမ်းမဲ ပေါက်သွားခဲ့လို့ အပျော်ကြီး ပျော်နေခဲ့ပါတယ်။Amrozi ဟာ အပျော်လွန်ပြီး အိမ်ကိုအပြေးပြန်လာခဲ့ကာ သူကံထူးခဲ့တဲ့ IphoneX ဘူးလေးကို ဝမ်းပန်းတသာနဲ့ ဖောက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သူရဲ့အပျော်လွန်နေတဲ့ စိတ်ကလေးတွေ ဟာ သေတ္တာကိုဖောက်လိုက်တဲ့ အခါမှာတော့ ကွယ်ပျောက်ခဲ့ရပါတယ်။

ဘူးကလေးထဲမှာ Iphone အသစ်စက်စက်လေးကိုတွေ့ရမယ့်အစား ကြွေပြားအချောင်းလေးတစ်ပြားကို ကော်ကပ်ထားပြီး သူ့ရဲ့ အောက်အထပ်မှာတော့ ရွှေရောင် ချောက်ကလက်တုံး ၈တုံးကိုပဲ တွေ့လိုက်ရပါတော့တယ်။ ဒါနဲ့ပဲ Amrozi ဟာ စိတ်ပျက်လက်ပျက်နဲ့ ချောကလက်တုံးလေးတွေကို ဖြည်ကြည့်လိုက်တဲ့ အခါမှာတော့ ချောကလက် အစစ်မဟုတ်တဲ့အပြင် အထဲမှာ ကွန်ဒုံးတွေကိုပဲတွေ့ရလို့ အတော်လေးကို ဒေါသထွက်ခဲ့ရတယ်လို့ သိရပါတယ်။ သူ့ရဲ့ အဖြစ်အပျက်ကတော့ တစ်ကယ့်ကို ငိုရခက် ရယ်ရခက် ဖြစ်စေခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးဆိုရင်ရော သူ့လိုမျိူးကြုံတွေ့ခဲ့ရရင် ဘယ်လိုခံစားရမလဲဆိုတာ cOMMENT မှာဖော်ပြပေးခဲ့ပါအုန်းနော်။  

Source : World of BUZZ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။