၂၀၁၆ အတွက်အမျိုးသားဇာတ်ဆောင်ဆုရရှိသည့် ထွန်းထွန်းနှင့်တစ်ကွ နှင်းဆီအဖွဲ့သားများအားလုံး

နှင်းဆီပုံရင်ထိုးကိုယ်စီ ကျားကိုင်ရွှေပိုက်ဆံအိတ်ကိုယ်စီ ဆင်တူကိုင်ကာတတ်ရောက်ခဲ့ရာ

အောင်သမာဓိရွှေဆိုင်က ဆင်မြန်းပေးခဲ့ပါတယ် ။ ကျန်အဖွဲ့သားများအားလုံးအဆင်ပြေသော်လည်း

အကယ်ဒမီဆုရှင်ထွန်းထွန်းမှာ အခန့်မသင့်ဘဲ ရင်ထိုးပျောက်ဆုံးသွားခဲ့တာပါ ။

‘‘ဆုရလို့ပျော်တဲ့အချိန်အထိ ရှိနေသေးတယ်။ ဟိုဘက်ဒီဘက် လည်း လှည့်ပြီးတော့ မရှိတော့ဘူး ပျောက်သွားတယ်။ အဖျားက ကြယ်လေးတော့ ပြန်ရှာတွေ့ တယ်။ ရင်ထိုးတစ်ခုလုံးတော့ ပျောက်သွားတယ်။ လူလည်း အ ရမ်းများတော့ ဘယ်ရောက်သွား မှန်းမသိဘူး’’ဟု ထွန်းထွန်းက ပြောပြထားပါတယ် ။

ရင်ထိုးပျောက်လို့ စိုးရိမ်ရပေမယ့် အကယ်ဒမီရလို့ပျော်တဲ့အပျော်က ပိုနေပါတယ်လို့လဲပြောပါတယ် ။

လက်ဝတ်ရတနာစပွန်ဆာ ပေးတဲ့ အောင်သမာဓိကတော့ လက်ဆောင်ပေးလိုက်တယ်လို့သဘောထားပါတယ်လို့ပြောတယ်လို့လဲဆိုပါတယ် ။

‘‘ဘယ်သူမှတော့ မပျောက် ပါဘူး။ ကိုထွန်းထွန်းတစ်ယောက် ပဲ။ ထိုင်နေတုန်းမှာ ရှိသေးတယ်။ ခဏအတွင်းမှာ အရမ်းဆွဲလှုပ် လိုက်တဲ့အချိန်မှာ ဆွဲဖြုတ်လိုက် သလို ဖြစ်သွားတာဖြစ်မယ်။ အောက်က ကြယ်လေးတော့ ပြန် တွေ့တယ်။ အပေါ်က အခိုင်ပဲပါ သွားတာ။ အရမ်းဝိုင်းလာတဲ့အ ချိန်မှာ ဖြုတ်သွားခံရတာဖြစ်ပါ လိမ့်မယ်’’ဟု အနုပညာရှင် နှစ် ဆယ်အတွက် လက်ဝတ် ရတနာများ အပါအဝင် ပွဲတက် ဝတ်စုံများအတွက် တန်ဖိုးငွေ ကျပ် သိန်းတစ်သောင်းခန့် စပွန် ဆာပေး ဆင်ယင်ခဲ့သည့် အောင် သမာဓိရွှေဆိုင်မှ မဖြူဖြူအောင် က ပြောကြားသွားခဲ့ပါတယ် ။

Source : 7days 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။