ပြင်သစ်နိုင်ငံ နန်းတက်စ်မြို့မှ ဝေးလ်နိုင်ငံကာဒစ်မြို့သို့ဇန်နဝါရီလ ၂၁ ရက်နေ့ကထိုင်ခုံခြောက်ခုံသာပါပြီး အင်ဂျင်တစ်လုံးထိုး Piper Fa -46 Mailbu လေယာဉ်ငယ်ဖြင့် ပျံသန်းလာစဉ် ရေဒါတွင်ပျောက်ဆုံးသွားရသော ကာဒစ်ဖ်အသင်းတိုက်စစ်မှူးသစ် အာဂျင်တီးနားနိုင်ငံသား အီမီလီယာနိုဆာလာပျောက်ဆုံးသွားပြီးနောက် ၃၆ နာရီအတွင်း အင်အားသုံးပြီး ကုဗမိုင် ၁၁၀၀ ဝေးသည့်ရင်ပြင်တွင်ရှာဖွေခဲ့ကြသော်လည်း မတွေ့ရှိရသောကြောင့် သူ့ကိုရှာဖွေတွေ့ရှိနိုင်သောအခွင့်အလမ်းမှာ အလွန်နည်းသွားပြီဟု သက်ဆိုင်ရာတာဝန်ရှိသူများက မှတ်ချက်ပေးခဲ့ကြသည်။  

ဆာလာသည် အခင်းမဖြစ်မီ သုံးရက်တွင် ကာဒစ်ဖ်အသင်းသို့အသင်းစံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်၁၅သန်းဖြင့် ပြောင်းရွှေ့ရန်စာချုပ်ချုပ်ပြီးနောက် ဇန်နဝါရီလ ၂၀ ရက်က အဆိုပါ လေယာဉ်ဖြင့်ပင် ကာဒစ်ဖ်မှ နန့်တက်စ်သို့သွားပြီး အသင်းဖော်ဟောင်း နန့်တက်စ်ကစားသမားများကိုသွားရောက်နှုတ်ဆက်ကာ ဇန်နဝါရီလ ၂၁ ရက်တွင် ကာဒစ်ဖ်အသင်းနှင့် ပထမဆုံးလေ့ကျင့်ခန်းဆင်းရန် ပြန်လာခဲ့ရာ လေယာဉ်သည် နန့်တက်စ်လေဆိပ်မှ တက်ရန်အတွက်ပင် သုံးကြိမ်တိုင် စက်နှိုးကြိုးစားခဲ့ရပြီး ထိုမတိုင်ခင်ကတည်းက ဆာလာသည်လေယာဉ်ကွင်းလိုက်ပို့သော နန့်တက်စ်အသင်းမှ သူငယ်ချင်းဖြစ်သူကို ထိတ်လန့်စရာ လေယာဉ်ခရီးစဉ်ဖြစ်နေသည်ဟု ပြောကြားခဲ့ကြေင်းသိရပါတယ်။ အဆိုပါလေယာဉ်သည် ဇန်နဝါရီလ ၂၁ ရက် ဒေသစံတော်ချိန် ည ၈ နာရီခွဲတွင် ချန်နယ်ကျွန်းစုအနီး အယ်လ်ဒါနေးကျွန်းနားတွင် ရေဒါမှပျောက်ဆုံးသွားကာ ထိုသို့လေယာဉ်မပျောက်ဆုံးမီ ဆာလာက ချစ်ခင်ရသူဖခင်နှင့် သူငယ်ချင်းများထံ WhatApp လူမှုကွန်ယက်မှတစ်ဆင့် လေယာဉ်သည်ပျက်ကျပြီး တစ်ပိုင်းတစ်စဖြစ်နိုင်ကြောင်းနှင့် အလွန်ထိတ်လန့်နေရကြောင်း ၊ မိမိကိုဆက်သွယ်၍မရနိုင်တာကို သိသည်နှင့်ရှာဖွေပေးကြရန် အသံမက်ဆေ့ချ်ပို့ခဲ့တယ်လို့လည်း သိရှိရပါတယ်။ 

ဆာလာကို ယနေ့အထိ ပြင်သစ် ၊ ဝေးလ် ၊ ချန်နယ်ကျွန်းစုအာဏာပိုင်များနှင့် ဒေသခံများကဆက်လက်ရှာဖွေနေသော်လည်း ဂူရန်ဆေးရဲတပ်ဖွဲ့အရာရှိတစ်ဦးက ရှာဖွေသည်မှာ နှစ်ရက်ရှိနေပြီး ပင်လယ်ရေမှာ အလွန်အေးနေ၍ရှာတွေ့နိုင်ရန် အလွန်ခက်ခဲနေပြီလို့လည်း သိရပါတယ်။

Source - Daily Mail 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။