သုတေသနပညာရှင်တွေဟာ အခုအခါမှာတော့ သွေးစုပ်တတ်တဲ့ အင်းဆက်ပိုးမွှားတွေရဲ့ ရန်ကနေ ကာကွယ်နိုင်တဲ့ နည်းလမ်းကိုတွေ့ရှိခဲ့ကြပြီပဲဖြစ်ပါတယ်။ ဒီနည်းလမ်းလေးကတော့ လူခန္ဒာကိုယ်ရဲ့ တစ်ကိုယ်လုံးကို ဆေးခြယ်လိုက်မယ်ဆိုပါက သွေးစုပ်တတ်တဲ့ ခြင်လိုမျိုးပိုးမွှားတွေ ရန်ကနေ ကာကွယ်နိုင်မှာပဲ ဖြစ်ပါတယ်။ အခုလို နည်းလမ်းလေးကိုတော့ Lund တက္ကသိုလ်က သူတေသနပညာရှင်တွေ တွေ့ရှိခဲ့ကြတာပဲ ဖြစ်ပါတယ်။  

" ခန္ဒာကိုယ်မှာဆေးခြယ်တယ်ဆိုတဲ့ ယဉ်ကျေးမှုဟာ လူသားတွေ အတွက် အဝတ်အစားတွေ မပေါ်ခင်ကတည်းက ရှိနေခဲ့တာကပါ။ ရှေးဟောင်းသုတေသနပညာ၇ှင်တွေဟာ ဒီယဉ်ကျေမှုးကို ကျောက်ခေတ်က လူတွေနေထိုင်ခဲ့တဲ့ နံရံဆေးရေး ပန်းချီတွေအရ သိခဲ့ရတာ ဖြစ်ပါတယ်။ အာ့ခေတ်တုန်းက လူတွေဟာ ဒီလိုပိုးမွှားတွေရဲ့ ရန်ကနေကာကွယ်ဖို့အတွက် ခန္ဒာကိုယ်ပေါ်မှာ မြေစေးအဝါတွေကို သုတ်လိမ်းခဲ့တာ ဖြစ်နိုင်တယ်လို့ " Lund တက္ကသိုလ်ရဲ့ ပါမောက္ခတစ်ဦး ဖြစ်တဲ့ ဒေါက်တာ Susanne Akesson က ပြောကြားခဲ့ပါတယ်။  

သိပ္ပံပညာရှင်တွေဟာ အဆိုပါသုတေသနကို လူပုံစံ ပလတ်စတစ်ကိုယ်ထည်တွေနဲ့ စမ်းသပ်ခဲ့တာ ဖြစ်ပြီး ဘာမှ မလိမ်းထားတဲ့ အညိုရောင် ခန္ဒာကိုယ်ဟာ အဖြူနဲ့ အနက်လိုင်းဆိုးထားတဲ့ ခန္ဒာကိုယ်ထက် ခြင်တွေနဲ့ မှတ်တွေကို ပိုပီးဆွဲဆောင်နိုင်တယ်ဆိုတာ တွေ့ရှိခဲ့ရပါတယ်။ ပရိသတ်ကြီးလည်း တစ်ကယ်လို့ ခြင်အလွန်ပေါတဲ့ နေရာတွေကို ရောက်လို့ ခြင်ဆေးခွေမရှိတဲ့အခါ ဒီလိုနည်းလမ်းတွေကို စမ်းသပ်ကြည့်သင့်တယ်လို့ အကြံပေးပါရစေ...

Source : UPI 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။