တရုတ်နိုင်ငံက အင်တာနက်ကုန်သွယ်ရေး လုပ်ငန်ကြီးတစ်ခုဖြစ်တဲ့ အလီဘာဘာ ကုမ္ပဏီကတော့ နိုင်ငံအတွင်းမှာ ပထမဆုံးဆိုတဲ့ အရာတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။

သူတို့ပြုလုပ်ခဲ့တာကတော့ တရုတ်နိုင်ငံထဲမှာ ပထမဆုံး လူသားတွေရဲ့လုပ်အားမပါဝင်ဘဲ စက်ရုပ်တွေနဲ့သာ အလုပ်လုပ်တဲ့ ပထမဆုံးသော ဟော်တယ် Flyzoo ကိုဖွင့်လှစ်ခဲ့တာပဲဖြစ်ပါတယ်။ 

သူတို့ကတော့ ၎င်း ဖလိုင်းဇူး ဟော်တယ်ကို တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်က ဟန်ကျိုးမြို့မှာ ဖွင့်လှစ်ခဲ့တာပဲဖြစ်ပါတယ်။

၎င်းဟိုတယ်မှာတော့ တည်းခိုဖို့စာရင်းပေးသွင်းတာကအစ သန့်ရှင်းရေးကအစ စက်ရုပ်တွေကသာပြုလုပ်သွားမှာပဲဖြစ်ပါတယ်။ 

အခုလိုတီထွင်နိုင်မှုဟာ လူသားဝန်ထမ်းတွေရဲ့ ကုန်ကျစရိတ်ကို သိသိသာသာလျော့ချပေးနိုင်လိမ့်မယ်လို့လည်း သူတို့ကယုံကြည်နေကြပါတယ်။

၎င်း ဖလိုင်းဇူးဟော်တယ်ဟာ အလီဘာဘာလုပ်ငန်း ဌာနချုပ်ကနေ လမ်းလျှောက်သွားလို့ရတဲ့ အကွာအဝေးမှာရှိနေပြီး အခန်းခကတော့ တညကို အမေရိကန်ဒေါ်လာ ၂၀၅ ဒေါ်လာကနေ အခန်းအလိုက် ဈေးနှုန်းအမျိုးမျိုး ကျသင့်သွားမှာဖြစ်တယ်လို့သိရပါတယ်။ 

source _ DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။