ချစ်ပရိတ်သတ်ကြီးရေ... ရေသတ္တဝါတွေထဲမှာ ဘယ်သတ္တဝါကိုအကြောက်ဆုံးလဲလို့ မေးရင် အဖြေတွေကအမျိုးမျိုးရှိနိုင်ပေမယ့် တကယ်ကြောက်စရာအကောင်းဆုံးရေသတ္တဝါကတော့ မိကျောင်းပါနော်။ မိကျောင်းဆိုတဲ့ သတ္တဝါဟာ ရေထဲမှာဆိုရင်လည်း အမဲလိုက်ကျွမ်းသလောက် ကုန်းပေါ်တက်ပြေးရင်တောင် အမှီလိုက်လာနိုင်တဲ့သတ္တဝါမျိုးပါနော်။ အခုဒီ တခုကတော့ ကုန်းပေါ်တက်ပြီး လမ်းသလားနေတဲ့မိကျောင်းတစ်ကောင်အကြောင်းပါဗျ။

ဖလော်ရီဒါပြည်နယ်မှာရှိတဲ့ Buffalo Creek ဂေါက်ကွင်း မှာတွေ့ခဲ့တဲ့ ရတာပါ။ ဒီအကောင်ကြီးဟာ မနက်ဂေါက်ကွင်းစဖွင့်ကတည်းကတွေ့ခဲ့ရတာဖြစ်ပြီးတော့ အစပိုင်းမှာ အနားယူနေတဲ့ ပုံစံနဲ့ ငြိမ်သက်နေခဲ့ပါတယ်။ အချိန်အတော်အတန်ကြာတော့ သူလာခဲ့တဲ့ ရေကန်ကြီးထဲကို တအိအိနဲ့ ဂေါက်ကွင်းပေါ်ကနေဖြတ်လျှောက်ပြီး ဆင်းသွားခဲ့ပါတယ်။ မျက်စိလည်ပြီးရောက်လာတဲ့အကောင်ကြီးဖြစ်မယ်လို့ဆိုကြပါတယ်။ မည်သို့ပင်ဖြစ်စေ ဒီအကောင်ကြီးရဲ့ အရှည်က (၁၅)ပေလောက်ရှိတာမို့ လူတွေနဲနဲတောင်မလှုပ်ရဲခဲ့ကြပါဘူး။

ဒီသတင်းဟာ onlineပေါ်မှာလည်း ခနလေးနဲ့ ပျံ့နှံံသွားခဲ့ပြီး နိုင်ငံပိုင်သတင်းတွေမှာ လည်းအတော်ကို ပေါ်ပြူလာဖြစ်ခဲ့ပါတယ်။ နာမည်ကြီး သတင်းဌာနတစ်ခုဖြစ်တဲ့ ABCသတင်းမီဒီယာမှာလည်း ဒီဗီယိုကိုရိုက်ခဲ့တဲံ သူတွေနဲ့ အင်တာဗျူး တဲ့အထိ အတော်ပေါက်ခဲ့ပါတယ်နော်။ ဒါပေမယ့် အဲ့ဒီ Buffalo Creekဂေါက်ကွင်းကြီးကတော့ အဲ့ဒီ ကိစ္စဖြစ်ပြီးတဲ့နောက်မှာ လူသွားလူလာတွေအတော်ကို ကျဲပါးခဲ့ပါတယ်။ကဲ... ဗီဒီယိုလေးပါမျှဝေပေးထားလို့ ဘယ်လိုတောင်ကြီးမားတဲ့ မိကျောင်းကြီးလည်း ဆိုတာ ကြည့်လိုက်ကြပါအုန်းပရိတ်သတ်ကြီးရေ။

Source : sundaypost

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။