မြန်မာ့နိုင်ငံရဲ့ အဓိကပင်မ ပဲ့ကိုင်ရှင်တစ်ဦးဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ လှုပ်ရှားမှုတိုင်းကို ပြည်တွင်း ပြည်ပလေ့လာကြည့်ရှု့သူများစွာရှိနေတာ အားလုံးအသိပဲဖြစ်မယ်ထင်ပါတယ်။ နိုင်ငံထိပ်သီးခေါင်းဆောင်များရဲ့ အာရုံစိုက်မှုကို အဓိကခံနေရသူတစ်ဦးဖြစ်ပြီး နိုင်ငံတာဝန်များစွာကို ထမ်းဆောင်နေတဲ့ ရဲရင့်သူအမျိုးသမီးသူရဲကောင်းတစ်ဦးလည်းဖြစ်တာကို အားလုံးလက်ခံကြမယ်ထင်ပါတယ်။    

ခတ်ခဲ့ကြမ်းတမ်းတဲ့ ဘဝတွေကို ဖြတ်သန်းခဲ့ရသူတစ်ယောက်ဖြစ်ပြီး သူမရဲ့ ငယ်ဘဝပုံရိပ်တွေကတော့ ပြန်လည်တွေ့မြင်နိုင်ဖို့ အလွန်ရှားပါးတာကိုတော့ အားလုံးလည်း သိမယ်ထင်ပါတယ်။ အဆိုပါ အမေစုရဲ့ အတိတ်ကရှားပါးပုံရိပ်တွေထဲမှာ ဖခင်ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ ရဲရင့်ခဲ့တဲ့ပုံရိပ်တွေကတော့ များစွာရှိနေတာကိုတွေ့ရပါတယ်။  

အမေစုရဲ့ လှုပ်ရှားမှုများစွာကို ဓာတ်ပုံတွေနဲ့တကွမှတ်တမ်းတင်နိုင်ခဲ့ပြီး အတိတ်ကမေ့ဖျောက်မရနိုင်တဲ့ အမှတ်တရတွေကို ပြန်လည်တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ဖခင်ဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ခြေရာကို အကောင်းဆုံးနင်းနိုင်ခဲ့သူတစ်ယောက်ဖြစ်ပြီး ဗိုလ်ချုပ်ကဲ့သို့ လေးစားချစ်ခင်သူပေါများနိုင်ခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ ပရိသတ်တွေမသိရှိခဲ့ဖူးတဲ့ အမေစုရဲ့ အတိတ်ပုံရိပ်အချို့ကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

Photos - Kyaw Kyaw Maung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။