တောင်ကြီးသူလေး ဘီလီလမင်းအေးရဲ ့ဒေသခံပရိသတ်များနှင့်တွေ ့ဆုံပွဲ

Myanmar Idol ပြိုင်ပွဲဝင် ဘီလီလမင်းအေးသည် ဖိုင်နယ်အဆင့်ကို တက်ရောက်သွားပြီးနောက် မိမိ၏ ဒေသတောင်ကြီးမြို ့သို ့ပြန်ကာ ပရိသတ်များနှင့်တွေ ့ဆုံခဲ့ပါသည်။

ပရိသတ်များနှင့်တွေ ့ဆုံပွဲကို မတ်လ ၁၉ ရက် ညနေပိုင်းတွင် တောင်ကြီးမြို ့ရှိ ရှု ့ခင်းသာပန်းခြံတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ဘီလီလမင်းအေး၏

အမာခံပရိသတ်များက ဘီလီလမင်းအေးအတွက် ဆုတောင်းပေးခဲ့ကြပြီး ဘင်ခရာ တီးဝိုင်းများနှင့်ပါ ကြိုဆိုခဲ့ကြပါသည်။

ထိုကဲ့သို ့ပရိသတ်များ၏ အားပေးမှုများကြောင့် စိတ်ဓါတ်ခွန်အားများဖြစ်ပေါ်စေကာ ဝေဖန်မှုများ အခက်အခဲများအား ကျော်ဖြတ်ပြီး Myanmar Idol ၏

ဖိုင်နယ်ပွဲစဉ်တွင် အကောင်းဆုံးယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းကို ဘီလီလမင်းအေးက ကတိပြုခဲ့ပါသည်။

အဆိုပါ တွေ ့ဆုံပွဲတွင် ပရိသတ်များ မေးမြန်းကြသည့် မေးခွန်းများကို ဖြေဆိုပေးပြီးနောက် ဘီလီက သီချင်းသီဆိုဖျော်ဖြေပေးခဲ့ပါသည်။

ပရိသတ်များမှလည်း ရှမ်းရိုးရာ အိုးစည် အင်းတိုင်းရင်းသားအက ပအို ့ဝ် တိုင်းရင်းသားအကတို ့ဖြင် ့ဘီလီအား ပြန်လည်ဧည့်ခံခဲ့ကြပါသည်။

မတ်လ ၂၅ ရက် စနေနေ ့ည ၇ နာရီခွဲ မှာ ကျင်းပမယ့် Myanmar Idol Season 2 Grand Final ပွဲကြီးမှာ ပြိုင်ပွဲဝင် သားငယ် နဲ ့ဘီလီတို ့ရဲ ့အကြိတ်အနယ်ယှဉ်ပြိုင်မှုကို ကြည့်ရှု ့ပြီး Winner ဖြစ်မယ့်သူကို ရင်ခုန်စွာနဲ ့စောင့်မျှော်အားပေးရမှာဖြစ်ပါတယ်။

ဓါတ်ပုံ-ဂျွန်ချစ်ငြိမ်း

Source: 7daydaily 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။