အလုပ်မှာ သတ်မှတ်ထားတဲ့ Targetကိုမရောက်တဲ့ အခါ အလုပ်သမားတိုင်းလိုလို ပူပန်သောကတွေဖြစ်ကြရမှာကို အလုပ်လုပ်နေတဲ့သူတိုင်းနားလည်ထားကြပါတယ်။ ဒီတစ်လအတွက် သတ်မှတ်ထားတဲ့ Targetကိုမရောက်ရင် Bonusမရတော့တဲ့အပြင် အခန့်မသင့်တဲ့အခါ ဒဏ်ကြေးငွေပါ ပေးဆောင်နိုင်ရဖွယ်ရှိတာကြောင့် ရုံးဝန်ထမ်းသမားတွေရဲ့ ဘဝမှာ အတော်လေးကို စာနာဖွယ်ကောင်းလှပါတယ်။ ဒီတစ်ခါ ဖော်ပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ ...

တရုတ်နိုင်ငံက ကုမ္ပဏီတစ်ခုရဲ့ ဝန်ထမ်းတွေအပေါ် အလွန်အကျူး ဒဏ်ပေးတာကို ရိုက်ပြထားတဲ့ ဗီဒီယိုလေးအကြောင်းပဲ ဖြစ်ပါတယ်။ အမည်မဖော်ပြလိုတဲ့ တရုတ်ကုမ္ပဏီတစ်ခုဟာ တစ်လအတွင်း လုပ်ငန်းထဲ စွမ်းဆောင်ရည်အနိမ့်ဆုံး အလုပ်သမား ၆ယောက်ကို အများပြည်သူလှုပ်ရှားသွားလာနေတဲ့ လမ်းမကြီးထက်မှာ လေးဘက်ထောက်သွားခိုင်းပြီး အပြစ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ အကြောင်းအရင်းကတော့ ထိုအလုပ်သမားတွေဟာ တစ်လအတွင်း သူတို့ရောင်းရမယ့် ပစ္စည်းအရေအတွက်ကို ကုန်အောင်မရောင်းနိုင်ခဲ့တာကြောင့်လို့ သိရပါတယ်။  

ဒါပေမယ့်ကံကောင်းစွာနဲ့ပဲ ရဲတွေရောက်ရှိလာခဲ့ကာ အလုပ်သမားတွေကို အပြစ်ဒဏ်ပေးတာရပ်စေခဲ့ပြီး အခုလို ဒဏ်ပေးတဲ့ ကုမ္ပဏီ တရားစွဲဆိုလိုက်ပြီလို့သိရပါတယ်။ တရုတ်နိုင်ငံမှာ ဒီလိုမျိုး အလားတူ ဖြစ်ရပ်တွေဟာ မကြာခဏဆိုသလို ဖြစ်ပွားနေပြီး ကုမ္ပဏီတွေရဲ့ ဝန်ထမ်းအပေါ်မှာ ကျင့်သုံးတဲ့ အပြစ်ဒဏ်ပေးစနစ်ဟာ လူအခွင့်ရေးကို ချိုးဖောက်သလိုဖြစ်နေပြီး အလုပ်သမားရဲ့ အရှက်တရားကို ရိုက်ချိုးသလို ဖြစ်နေတယ်လို့ လူမှုကွန်ယက်တွေပေါ်မှာ ကန့်ကွက်မှုတွေရှိနေခဲ့ပါတာပဲ ဖြစ်ပါတယ်။  

Source : World Of Buzz

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။