ကမ္ဘာကျော် ဘဏ္ဍာရေးဝန်ဆောင်မှုတစ်ခုဖြစ်သည့် Deloitte ကထုတ်ပြန်ခဲ့သည့် ၂၀၁၉ ခုနှစ် ဝင်ငွေအများဆုံးအသင်းများစာရင်းတွင် ရီးရဲလ်မက်ဒရစ်အသင်းဟာ ထိပ်ဆုံးကနေ ရပ်တည်လျက်ရှိနေတာပဲ ဖြစ်ပါတယ်။ အဆိုပါကုမ္ပဏီကထုတ်ပြန်ခဲ့သည့် ဝင်ငွေအများဆုံးစာရင်းတွင် နှစ်နှစ်ဆက်တိုက်ထိပ်ဆုံးမှရပ်တည်နိုင်ခဲ့သည့် မန်ယူအသင်းအနေဖြင့် တတိယနေရာသို့ကျဆင်းခဲ့တာပဲ ဖြစ်ပါတယ်။ 

ရီးရဲမက်ဒရစ်အသင်းသည် ပြီးခဲ့သည့်နှစ်ဘောလုံးရာသီတွင် အသင်းဝင်ငွေစုစုပေါင်း စတာလင်ပေါင် ၆၆၅သန်း ထိရရှိခဲ့ပြီး ကမ္ဘာ့ဘောလုံးသမိုင်းတစ်လျှောက် တစ်နှစ်တာဝင်ငွေအများဆုံးရရှိသည့် အသင်းအဖြစ်မှတ်တမ်းဝင်ခဲ့တာလည်း ဖြစ်ပါတယ်။

Deloitte ကထုတ်ပြန်ခဲ့သည့် ဝင်ငွေအများဆုံးအသင်းများစာရင်းတွင် ရီးရဲလ်မက်ဒရစ်အသင်းရဲ့နောက်တွင် ဘာစီလိုနာအသင်းကဒုတိယနေရာတွင်လည်းကောင်း ၊ မန်ယူအသင်းကတတိယနေရာတွင်လည်းကောင်း ရပ်တည်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

Source - Real Madrid C.F

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။