အိမ်ရောင်းချရာမှ ရရှိလာသော ငွေကိစ္စကြောင့် စကားများပြီး မိခင်ဖြစ်သူကို သားဖြစ်သူက

လက်သီးနှင့်ထိုး တွန်းလှဲခဲ့သောကြောင့် မိခင်ဖြစ်သူသေဆုံးမှုဖြစ်

အဆိုပါဖြစ်စဉ်မှာ မတ်လ ၁၇ ရက်နေ ့က ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို ့နယ် ဆင်မနီအုပ်စု ဆင်မနီကျေးရွာတွင်

ဖြစ်ပွားခဲ့ခြင်းဖြစ်ပါသည် ။

မိခင်ဖြစ်သူ ဒေါ်ကြည်ဝင်းနဲ ့သားဖြစ်သူ လေးမြင့်တို ့သည် အိ်မ်ရောင်းချရာမှ ရရှိလာသောငွေကို လေးမြင့်က တောင်းသည့်ကိစ္စနှင့် ပတ်သက်ပြီး

စကားများခဲ့ကြပါသည် ။

ထိုသို ့စကားများရာတွင် လေးမြင့်က မိခင်ဖြစ်သူကို လက်သီးနဲ ့ထိုးကာ တွန်းလှဲခဲ့သည့်အတွက် သေတ္တာနဲ ့တိုက်မိပြီး သေဆုံးခဲ့ခြင်းဖြစ်ပါသည် ။

ခမုံနယ်မြေရဲစခန်းမှ ဒုရဲအုပ်ထွန်းမင်းခိုင်က “သားဖြစ်သူမှ လေးမြင့်က မိခင်ဒေါ်ကြည်ဝင်းကို လက်သီးနှင့်ထိုးကာ တွန်းလှဲခဲ့တာကြောင့် သေဆုံးတဲ့အတွက် သေမှုသေခင်းအမှတ်စဉ် (၂/၂၀၁၇)နဲ့ အမှုဖွင့်ခဲ့ပါတယ်။ ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်/မဟုတ် စုံစမ်းစစ်ဆေးအရေးယူနိုင်ဖို့ ခမုံတိုက်နယ်ဆေးရုံသို့

ရဲဆေးစာနဲ့ ပို့အပ်စစ်ဆေးခဲ့ရာမှ ခမုံတိုက်နယ် ဆေးရုံရဲ့ ရင်ခွဲစစ်ဆေးချက်အရ သေဆုံးသူမှာ ဦးခေါင်း ဝဲဘက်ခြမ်း ဦးနှောက်သွေးယိုစီး ဒဏ်ရာ ၁ ချက်၊

ဝဲဘက်နံရိုး ၂ ချောင်းနဲ့ ယာဘက်နံရိုး ၃ ချောင်း ကျိုးတဲ့ဒဏ်ရာကြောင့် သေဆုံးခဲ့တာဖြစ်ကြောင်း ဆေးစစ်ချက်မှတ်တမ်းတွေအရ သိရှိရတယ်”လို့ ပြောကြားသွားပါသည်။ထို ့ကြောင့် ပြစ်မှုကျူးလွန်သူ လေးမြင့်ကို ခမုံနယ်မြေရဲခန်းက သေမှုသေခင်းအမှတ်စဉ် (၂/၂၀၁၇)မှ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ ပြောင်းလဲ

အမှုဖွင့်ထားခဲ့ပြီး မတ်လ ၂၀ ရက်နေ့မှာ လက်ပံတန်းမြို့နယ် တရားရုံးတွင် ပထမရမာန်ယူ ဆောင်ရွက်နေကြောင်းလည်း သိရှိပါသည်။

သတင်း၊ ဓာတ်ပုံ – ဝဏ္ဏထွန်း

Source: dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။