မနေ့က ဇန်နဝါရီလ ၂၄ ရက်နေ့မှာတော့ အမေရိကန်အစိုးရလုပ်ငန်းတွေ ပြန်လည်စတင်ရေး ဥပဒေကြမ်းကို အထက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခဲ့ကြပါတယ်။

သို့ပေမယ့် ၎င်းဥပဒေကြမ်းဟာ မအောင်မြင်ခဲ့ပဲ မွဲခဲဆုံးဖြတ်ရာမှာ ရှုံးနိမ့်ခဲ့ပါတယ်။

ရီပတ်ဘလစ်ကန်သမ္မတ ဒေါ်နယ်ထရမ့်က ထောက်ခံပေးထားတဲ့ ၎င်းဥပဒေမူကြမ်းနဲ့ ဒီမိုကရက် အမတ်တဦးတို့ တင်သွင်းတဲ့ သီခြား ဥပဒေမူကြမ်းတို့ဟာ ထောက်ခံမဲ ၅၂ မဲ ၊ ကန့်ကွက်မဲ ၄၄ မဲတို့နဲ့ လိုအပ်တဲ့ မဲအရေအတွက် ငါးပုံသုံးပုံ မရဘဲ ရှုံးနိမ့်ခဲ့တာပဲဖြစ်ပါတယ်။

သို့ပေမယ့် ထရမ့်ရဲံ တံတိုင်းတည်ဆောက်ရေး ရန်ပုံငွေမပါဘဲ အစိုးရအေဂျင်စီတွေ အခိုက်အတန့်ပြန်ဖွင့်ရေး ဥပဒေကြမ်းကို ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် အများအပြားနဲ့ ဒီမိုကရက်တွေက ထောက်ခံခဲ့တယ်လို့သိရပါတယ်။

source _ DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။