အကယ်ဒမီပေးပွဲဆိုတာ တစ်နှစ်တာအတွင်း အကောင်းဆုံး အနုပညာရှင် အတတ်ပညာရှင်များကို ရွေးချယ်ဆုပေးတဲ့ ပွဲတစ်ပွဲဖြစ်တစ်လို ရုပ်ရှင်လောကသား အားလုံးတက်ရောက်ကြတဲ့ အနုပညာစုံညီပွဲတော်လို့လည်း ဆိုလို့ရပါတယ်။

ဒီပွဲဟာ တစ်နည်းအားဖြင့် ဖက်ရှင်ရှိုးပွဲတစ်ခုလို့လည်း ဆိုလို့ရပါတယ်။ ဘာ့ကြောင့်လည်း ဆိုရင် အကယ်ဒမီပွဲကို တက်ရောက်လာကြတဲ့ အနုပညာရှင်တွေရဲ့ ဝတ်စားဆင်ယင်မှုတွေဟာ ဖက်ရှင်ဒီဇင်နာတွေရဲ့ သစ်ဆန်းတီထွင်မှုတွေနဲ့ ပေါင်းစပ်ဖန်တီးထားတဲ့ လက်ရာတွေမို့ပဲ ဖြစ်ပါတယ်။ အကယ်ဒမီပေးပွဲဆိုလိုက်ရင်ဖြင့် ဘယ်သူ ဘယ်ဇာတ်ကားနဲ့ ဘာရမလည်း ဆိုတာကိုလည်း စိတ်ဝင်စားကြသလို ဘယ်မင်းသမီး ဘယ်လိုဝတ်လာမလည်းဆိုတာကိုတော့ ပိုလို့တောင် စိတ်ဝင်စားကြမိတယ် မဟုတ်လား ပရိသတ်ကြီးရေ……

အကယ်ဒမီပွဲက ဒိတ်ဒိတ်ကြဲတို့ရဲ့ ဝတ်စုံလေးတွေကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်……

Source: Social Media

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။