ဘောလုံးဘောလုံးကမှာအကောင်းဆုံးခြေစွမ်းတွေနဲ့သွင်းဂိုးတွေယူတာကြောင့်ကမ္ဘာတစ်ဝှမ်းကပရိသတ်တွေရဲ့အားပေးခံရတဲ့ကစားသမားကတော့မက်ဆီပဲဖြစ်ပါတယ်။နာမည်ကြီးစပိန်ထိပ်သီးကလပ်ဖြစ်တဲ့ဘာစီလိုနာအသင်းနဲ့တူတူအောင်မြင်မှုတွေအမြောက်အများကိုဆွတ်ခူးနိုင်တဲ့ကစားသမားပဲဖြစ်ပါတယ်။မက်ဆီကတော့ဘောလုံးသမားအချင်းချင်းတောင်အားကျလေးစားနေတဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။

ကမ္ဘာတစ်ဝှမ်းမှာလည်းပရိသတ်တွေအများဆုံးအားပေးရတဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ကမ္ဘာအကောင်းဆုံးဘောလုံးသမားဆုတွေကိုလည်းရယူနိုင်တဲ့သူလည်းဖြစ်ပါတယ်။သူ့ရဲ့ခြေစွမ်းတွေကယနေ့ထိတိုင်မကျသွားပဲအကောင်းဆုံးမှာရှိနေတာဖြစ်ပါတယ်။ဘောလုံးကစားတဲ့အချိန်မှာလည်းသန့်သန့်ရှင်းရှင်းစိတ်ဓာတ်နဲ့ကစားတဲ့စိတ်ဓာတ်တွေကချီးကျူးစရာဖြစ်ပါတယ်။

မက်ဆီကတော့ကလေးဘဝတည်းကဘောလုံးကစားနည်းကိုရူးသွပ်တဲ့ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။သူကတော့ဘာစီလိုနာလူငယ်အသင်းမှာတည်းကခြေစွမ်းပြကစားနိုင်ခဲ့တာကြောင့်အသင်းကြီးမှာအသက်ငယ်ငယ်နဲ့ရွေးချယ်ခံရတာဖြစ်ပါတယ်။ငယ်စဉ်ထဲကဘောလုံးကစားနည်းကိုရူးသွပ်တဲ့မက်ဆီရဲ့ငယ်ငယ်တုန်းကဘောလုံးခြေစွမ်းတွေကိုလည်းပရိသတ်တွေအတွက်တင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:Oh My Goal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။