ဒီနေ့မနက်ခင်းအစောပိုင်းကယှဉ်ပြိုင်ခဲ့တဲ့ အင်္ဂလန်လိဂ်ဖလားပွဲစဉ်တစ်ပွဲဖြစ်တဲ့ချယ်လ်ဆီးအသင်းနဲ့စပါးအသင်းတို့ကစားခဲ့ကြပါတယ်။ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်ဖြစ်တာကြောင့်အကြိတ်အနယ်ရှိခဲ့ပါတယ်။ပထမအကျော့စပါးအိမ်ကွင်းမှာတုန်းကစပါးအသင်းက(၁-ဝ)နဲ့အနိုင်ရတာကြောင်ဒီပွဲမှာတော့ချယ်လ်ဆီးအသင်းကအနိုင်ရအောင်ကြိုးစားခဲ့ပြီးပယ်နတီအဆုံးဖြတ်နဲ့ဗိုလ်လုပွဲတက်ခဲ့တာဖြစ်ပါတယ်။

မိနစ်၉၀အတွင်းမှာ(၂-၁)နဲ့ချယ်လ်ဆီးအသင်းကအနိုင်ရနေတာဖြစ်တာကြောင့်နှစ်ကျော့ပေါင်း(၂-၂)ဖြစ်နေလို့ပယ်နတီကန်ခဲ့ရတာဖြစ်ပါတယ်။ဒီပွဲစဉ်ကတော့ပရိသတ်တွေကိုစိတ်လှုပ်ရှားမှုအပြည့်ပေးနိုင်ခဲ့တာပါ။ချယ်လ်ဆီးအသင်းရဲ့တိုက်စစ်တွေကလည်းစပါးနောက်တန်းကိုအကြိမ်များစွာချိန်းခြောက်ခဲ့ပြီးဂိုးသမားနဲ့နောက်တန်းကကာကွယ်နိုင်ခဲ့တာပါ။

ဒီပွဲမှာချယ်လ်ဆီးအသင်းအတွက်တစ်ဂိုးသွင်းယူပေးခဲ့တဲ့ ကန်တီကတော့သူ့သွင်းဂိုးကြောင့်ပရိသတ်တွေချီးကျူးနေခဲ့တာပါ။ထောင့်ကန်ဘောကနေပြန်ကျလာတဲ့ဘောလုံးကိုအားအပြင်းနဲ့ကန်ထည့်လိုက်ပြီးစပါးနောက်တန်းနှစ်ယောက်နဲ့ဂိုးသမားပေါင်ကြားထဲကဝင်ပြီးဂိုးသွားတာဖြစ်ပါတယ်။အဆိုပါvideoလေးကလည်းပရိသတ်တွေကြားမှာနာမည်ကြီးနေတာဖြစ်တာကြောင့်မကြည့်လိုက်ကတဲ့ပရိသတ်တွေအတွက်လည်းတင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။