ယနေ့ခေတ်ရဲ့ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးလောကတစ်ခုကို ပြပါဆိုရင် စမတ်ဖုန်းထုတ်လုပ်မှု လောကကို ပြရမှာပါ။ Brand တစ်ခုနဲ့ တစ်ခု ပြိုင်ဆို်င်မှု ပြင်းထန်သလို၊ နည်းပညာသစ်တွေ၊ ဒီဇိုင်းသစ်တွေဟာလည်း အချိန်နဲ့ တစ်ပြေးညီ ပြောင်းလဲလွန်းလှပါတယ်။ ဒီထဲမှာ အထင်ရှားဆုံး ယှဉ်ပြိုင်မှုတစ်ခုကို ညွှန်ပြရမယ်ဆိုရင်တော့ FullView Display ရအောင် “အရှေ့ကင်မရာ (Selfie Camera) ကို ဘယ်နားထားကြမလဲဟေ့” ဆိုတဲ့ ကိစ္စပါ။ ဒီလိုနဲ့ အရင်ဦးဆုံး Notch (အရှေ့ကင်မရာထားရာနေရာ) ဆိုပြီး ထွင်လိုက်ကြပါတယ်၊ ကင်မရာကို Notch နေရာလေးမှာထားကြတယ်။ နောက်ပိုင်း Notch တွေက တဖြည်းဖြည်း သေးလာတယ်၊ ကင်မရာအလုံးနေရာလေးပဲ ပါတော့တယ်။ အဲ့ဒီကနေမှတစ်ဆင့် မျက်နှာပြင်ရဲ့ထောင့်တွေမှာ Hole Camera အဖြစ်သုံးလာကြတယ်။ ဘယ်လိုပဲဖြစ်ပါစေ ကင်မရာကတော့ မျက်နှာပြင်ရဲ့ မြင်ကွင်းမှာ တစ်နည်းမဟုတ်တစ်နည်း လာရှုပ်နေဆဲပါပဲ။ 

ဒီပြဿနာကို Vivo ဟာ ပြီးခဲ့တဲ့နှစ် MWC ပွဲမှာကတည်းက Apex ဆိုတဲ့ Concept ဖုန်းနဲ့အတူ ဖြေရှင်းပေးခဲ့ပါတယ်။ အဲ့ဒါကတော့ ကမ္ဘာ့ပထမဆုံး Elevating Front Camera ကို ပြသခဲ့တာပါ။ Selfie ရိုက်ဖို့အတွက် ကင်မရာကို ဖုန်းရဲ့ ကိုယ်ထည်ထဲမှာ ထည့်သွင်းထားတာဖြစ်ပြီး ဒီအိုင်ဒီယာနဲ့ နည်းပညာကို အားလုံးက ရင်သပ်ရှုမောဖြစ်ခဲ့ ကြသလို ဖုန်းမျက်နှာပြင်အောင် လက်ဗွေစနစ် (In-Display Fingerprint) ကိုလည်း Vivo ကပဲ စတင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ Vivo Nex ကို စျေးကွက်ထံ မိတ်ဆက်ပေးခဲ့ပြီး အသုံးပြုသူတွေကို bazel-less display ခံစားမှုအပြည့်အဝ ရရှိစေခဲ့ပါတယ်။ ဒါ့အပြင် မကြာသေးမီကမှလည်း Vivo Nex Dual Display Edition အဖြစ် ရှေ့နောက် မျက်နှာပြင်နှစ်ဖက်ပါတဲ့ဖုန်းကို ဦးဆောင်ထုတ်လုပ်ခဲ့ပြီးနောက် စမတ်ဖုန်းလောကကို တစ်ခေတ်ဆန်းစေခဲ့ပါသေးတယ်။ 

Vivo နဲ့သူ့ရဲ့ အနာဂါတ်ခြေလှမ်းများ

Vivo ဟာ ကမ္ဘာပေါ်ရှိ အခြားသော နာမည်ကြီး စမတ်ဖုန်းကုမ္ပဏီတွေနဲ့အပြိုင် လူသားတွေ၊ စမတ်ဖုန်းအသုံးပြုသူတွေအတွက် အသုံးဝင်၊ အကျိုးရှိမယ့် နည်းပညာသစ်တွေ၊ Concept အသစ်တွေကို ဖော်ထုတ်နိုင်ဖို့ ကြိုးစားလျက်ရှိပါတယ်။ APEX 2019 ဟာလည်း Super Unibody Design၊ Full-Display Fingerprint Scanning စတဲ့ ပုံစံသစ်၊ နည်းပညာသစ်တွေနဲ့ ထွက်ရှိလာခဲ့ပြီးဖြစ်သလို Vivo မှ ဆက်လက်လျှောက်လှမ်းဦးမယ့် နောက်ထပ် ခြေလှမ်းသစ်တွေကိုလည်း ဆက်လက်စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။ 

#Vivo #APEX #NEX #ElevatingFrontCamera #Selfie 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။