ပရိသတ်ကြီးကိုဒီတစ်ခါဖော်ပြပေးချင်တဲ့ အကြောင်းအရာလေးကတော့ တရုတ်နိုင်ငံက ကမ္ဘာကျော်တဲ့အထိ ထင်ရှားလှတဲ့ မဟာတံတိုင်းကြီးရဲ့ လူသိနည်းလှတဲ့ အကြောင်းအနည်းအငယ်ကို ဖော်ပြပေးချင်ပါတယ်။ ကမ္ဘာ့အံ့ဖွယ်ထဲမှာ တစ်ခုအပါအဝင် ဖြစ်တဲ့အပြင် ကမ္ဘာ့အရှည်ဆုံး တံတိုင်းအဖြစ်လည်း ဂရင်းနစ်စံချိန်တင်ထားခဲ့တာဖြစ်ပါတယ် ။ ဒီလို နာမည်ကြီးလှတဲ့ မဟာတံတိုင်းကြီးကို နှစ်စဉ်နှစ်တိုင်း လာရောက်လည်ပတ်ကြတဲ့ ခရီးသွား ဧည့်သည်တွေဟာလည်း အတော်လေးကို များပါတယ်။  

ဒါပေမယ့် တစ်ချို့သော ခရီးသွားတွေရဲ့ ပြောကြားချက်အရ မဟာတံတိုင်းကြီးရဲ့ အချို့နေရာတွေမှာ ကမ္ဘာလှည့် ခရီးသွား များကို အခန့် မသင့်လျှင် သေဆုံး သွားခဲ့သည့် ဝိညဉ်များက Physical assault ( ကိုယ်ထိလက်ရောက်) မဟာတံတိုင်း ပေါ်မှတွန်းချခြင်းများ ၊ ကိုယ်ရောင်ပြခြင်းများ ပြုလုပ်တက်သောကြောင့် ဖြစ်ပါတယ်။ အာ့နေရာမှာနေထိုင်တဲ့ ဒေသခံများကတော့ အခုလိုမျိုး ကြုံတွေ့ခဲ့ရတယ်ဆိုပါက ဗြောက်အိုး ဖောက်စဉ်မှာ အသုံးပြုသည့် ကြိုး တန်းလေးဖြင့် သရဲကို ဟန့်တားနိုင်တယ်လို့ အကြံပေးကြပါတယ်။  

မဟာတံတိုင်းကြီးကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၂၀၀ ကတည်းက Qin(Ch'in) မင်းဆက် (221 BC --206 BC)

မှာတည်ဆောက်ခဲ့ပြီး အရှည် ၁၃၁၇၁မိုင် ရှိကာ တည်ဆောက်စဉ် အလုပ်သမားလူဦးရေ ၁သန်းမှ ၂ သန်းနီးပါး မတော် တဆ မှု ကြောင့် သေဆုံးခဲ့ရပါတယ်။ ဒါ့ကြောင့်လည်း အခုလို မကျွတ်လွတ်တဲ့ လူတွေ ရှိနေတာ ဖြစ်မယ်လို့လည်း ယုံကြည်သူတွေ က ပြောဆိုနေကြပါတယ်။

Source : Once A Glance Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။