ချစ်ပရိတ်သတ်ကြီးရေ ... ဘဝပေး ကုသိုလ်ကံများတကယ်လည်းကြောက်ဖို့ကောင်းပါတယ်နော်။ အရင်ဘဝကတစ်ခုခုမကောင်းတာများ ဒီနောင်ဘဝကို ပါလာခဲ့မယ်ဆိုရင် မသေမချင်းကို ပြန်ပေးဆပ်နေရမှာပါနော်။ ဒီတစ်ခုကလည်း ဘယ်ဘဝက ကုသိုလ်ကံကြောင့်လဲတော့ မသိဘူး မွေးကတည်းက မွေးရာပါ ခန္တာကိုယ် အစိတ်အပိုင်း အပိုတွေ လူမမယ်ကလေးလေးကိုယ်ထဲကနေ ရုပ်ပျက်ဆင်းပျက်နဲ့ တိုးတွက်နေတဲ့အကြောင်းပါနော်။

အိန္ဒိယနိုင်ငံ ဘီဟာ မြို့မှာနေတဲ့ Deepak Kumar Paswanဆိုတဲ့ကောင်လေးဟာ မွေးရာပါ ခန္တာကိုယ်အစိတ်အပိုင်းအပိုတွေဟာ သူ့ရဲ့ ရင်ဘက်နားမှာရုပ်ပျက်ဆင်းပျက်ကြီးကို ပါရှိနေတာပါ။ ရင်ဘက်အလယ်နားကနေပြီးတော့ အပြည့်အစုံပါတဲ့ ခြေနှစ်ချောင်း လက်နှစ်ချောင်းဟာ အပြင်ကို တွဲလောင်းကျ လျက်ရှိပါတယ်။

ဆရာဝန်တွေကတော့ တကယ်တန်းဆိုရင် ဒီကလေးဟာ အမွှာလေးမွေးမှာဖြစ်ပြီးတော့ အကြောင်းတစ်ခုခုကြောင့် အခုလိုဖြစ်လာရတာပါလို့ဆိုပါတယ်။ဒီကလေးကိုတော့ ဒေသခံ လူတွေက ဘုရားရှင်လွှတ်လိုက်တဲ့ ရေဘဝဲလူသားကလေးဆိုပြီး ဆိုစမှတ်ပြုကြပါသေးတယ်။ သူဒီလို ဖြစ်နေတာတွေကို ခွဲစိတ်ပစ်ဖို့အတွက် ငွေကြေးအမြောက်အမြား ကုန်ကျမှာဖြစ်ပေမယ့် ဒါဘန်မှာရှိတဲ့ FORTISဆေးရုံကတော့ သူ့ကို အခမဲ့ခွဲစိတ်ပေးလိုကြောင်းကမ်းလှမ်းမှုကို ကံကောင်းစွာပဲရရှိခဲ့ပါတယ်။ခွဲစိတ်မှုလေးနာရီအကြာမှာတော့ လူကောင်းပကတိဖြစ်နေခဲ့ပြီ ဖြစ်ကြောင်းမှတ်တမ်းတွေအရ သိရပါတယ် ပရိတ်သတ်ကြီးရေ...

Source : rankred

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။