ဘာစီလိုနာ​နောက်​ခံလူဂါရက်​ပီ​ကေးကအာဂျင်​တီးနားကြယ်​ပွင်​့လီယွန်​နယ်​မက်​​ဆီကိုချီးကျူ​း​ပြောဆိုလိုက်​ပြီး၎င်းရဲ့အသင်​း​ဖော်​ဖြစ်​သူရဲ့​စွမ်​း​ဆောင်​မှု​တွေဟာအနာဂတ်မှာ​အခြားကစားသမားတစ်​ဦးလိုက်​မှီဖို့ခက်​ခဲလှတယ်​လို့​ပြောဆိုလိုက်​ပါတယ်​။

မက်​​ဆီဟာမ​နေ့ညက​ဗလင်​စီယာအသင်​းကို၄ဂိုး၂ဂိုးနဲ့အနိုင်​ရရှိခဲ့တဲ့ပွဲမှာဘာစီလိုနာအတွက်​သွင်​းဂိုး၂ဂိုးရယူ​ပေးနိုင်​ခဲ့ပြီးဘာကာဟာလာလီဂါအမှတ်​​ပေးဇယားမှာဦး​ဆောင်​​နေတဲ့ရီရဲယ်​မက်ဒရစ်​အသင်​းကိုဒုတိယ​နေရာက​နေဆက်​လက်​ဖိအား​ပေးထားနိုင်​ခဲ့ပါတယ်​။

အာဂျင်​တီးနားတိုက်​စစ်​မှုးမက်​ဆီဟာလာလီဂါဂိုးသွင်​းသူဇယားမှာသွင်​းဂိုး၂၅ဂိုးနဲ့ထိပ်​ဆုံးမ​ှာဦး​ဆောင်​​နေပြီးဒီရာသီဘာစီလိုနာအသင်​းအတွက်​ပြိုင်​ပွဲစုံ ၄၀ပွဲမှာသွင်​းဂိုး၄၁ဂိုးထိရရှိ​နေကာ​၎င်းရဲ့အ​ကောင်​းဆုံး​နောက်​ထပ်​ရာသီတစ်​ခုကိုရရှိ​နေပါတယ်​။

ထို့​ကြောင်​့ပီ​ကေးက၎င်းရဲ့အသက်​၂၉နှစ်​အရွယ်​အသင်​း​ဖော်​နဲ့ပက်​သက်​ပြီး "ကျွန်​​တော်​တို့ဟာ​ဘောလုံးသမိုင်​းတစ်​​လျှောက်​အ​ကောင်​းဆုံးကစားသမားတစ်​ဦးကိုမြင်​​တွေ့​နေရတာပါ။ သူဒီလိုပုံစံ​ကောင်​းပြသ​နေတာဟာကျွန်​​တော်​တို့အတွက်​ဖြစ်​​နေကြကိစ္စလိုပဲဖြစ်​​နေပြီးဘာစီလိုနာအတွက်​ဒါဟာပုံမှန်​ပါပဲ။

ဒါ​ပေမယ်​့ကျွန်​​တော်​တို့သိထားကြတဲ့အတိုင်​းသူတစ်​​နေ့ကစားသမားဘဝကအနားယူသွားတဲ့အခါဒီလိုအရာ​တွေကိုထပ်​မံလုပ်​ပြနိုင်​မယ်​့ကစားသမားမျိုးထပ်​မံမြင်​​တွေ့ဖို့ဆိုတာအလွန်​ကိုခက်​ခဲသွားပါပြီ။" လို့​ပြောဆိုသွားပါတယ်​။

ဆက်​လက်​ပြီးပီ​ကေးကခါးသီပြိုင်​ဘက်​ရီးရဲယ်​မက်​ဒရစ်​အသင်​းဟာလက်​ရှိအချိန်​မှာတစ်​ပွဲ​လျော့ကစားကာဒုတိယ​နေရာမှဘာစီကို၂မှတ်​ဖြတ်​ထားနိုင်​​ပေမယ်​့ပွဲ​တွေအများကြီးကစားဖို့ကျန်​​နေ​သေးပြီးရမှတ်​ကွာဟမှုကျဉ်​း​မြောင်​းတာ​ကြောင်​့လာလီဂါဆုဖလားရရှိဖို့ဟာအလွန်​ဖြစ်​နိုင်​တဲ့ကိစ္စလို့ယုံကြည်​လျက်​ရှိျနပါတယ်​။

Ref: Marca

Photo: Getty Images

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။