Pogba ဟာဆိုရင် မန်ယူအသင်းအတွက် အသင်းခေါင်းဆောင်မဖြစ်သင့်ဘူးလို့ Mourinho ကပြောခဲ့ဖူးပါတယ်။ ဒါပေမဲ့ Solskjaer ကတော့ သူ့ကို ခေါင်းဆောင်တစ်ယောက်အဖြစ်မြင်ကာ Captain ဆိုတဲ့ လက်ပတ်ပတ်ထားချင်းအပေါ်မှာ သူဟာ ဘာမှတုံ့ဆိုင်းချင်းမရှိလောက်ပါဘူး။ အားလုံးလဲ သိကြတဲ့အတိုင်းပါပဲ....Pogba နဲ့Mourinho တို့ရဲ့ဆက်ဆံရေးက အဆင်မပြေဘူးဆိုတာကိုပေါ့။ အာ့ကြောင့်ပဲ Pogba ဟာ Mourinho လက်ထက်မှာ ခြေတွေကျနေခဲ့တယ်လို့ ထက်ပါတယ်။ 

Solskjaer ရဲ့လက်အောက်မှာဆိုရင်တော့ Pogba ဟာခြေစွမ်းကောင်းတွေကို ပိုင်ဆိုင်ထားပါတယ်။ Solskjaer ဟာ " သူဟာလူတွေကို စိုးမိုးနိုင်ပြီး ခြေစွမ်းကောင်းတွေကို ပိုင်ဆိုင်ထားတဲ့ကစားသမားဖြစ်ကာ သူကိုယ်တိုင်လဲ အောင်မြင်ချင်ပါတယ်.....သူဟာသူကိုယ်သူ တစ်ယောက်ထဲ မလုပ်နိုင်ဘူးဆိုတာလဲသိပါတယ်.....ဒါကြောင့်အသင်းနဲ့အတူ တွဲဖက်ညီအောင် ကစားကာ ...အသင်းအတွက်လိုအပ်တဲ့ ဂိုးသွင်းကို သွင်းပေးသလို ဖန်လဲဖန်တီးပေးပါတယ် " လို့ပြောကြားခဲ့ပါတယ်။ 

ခုဒီည အာဆင်နယ်နဲ့ ကန်မဲ့ပွဲမှာ Valencia ဟာ Captain တစ်ယောက်မဟုတ်သလို De Gea ကလဲ Captain မဟုတ်ပါဘူး။ ဘယ်ကစားသမားက ဒီည ၂နာရီ၂၅မှာ ကန်မဲ့ပွဲမှာ Captain ဖြစ်မလဲဆိုတာ စောင့်ကြည့်ကြရမှာပဲဖြစ်ပါတယ်။ ရှုံးပွဲမရှိတဲ့ မန်ယူဟာ ခုတွေ့မဲ့ Fa Cup ပွဲစဉ်ဖြစ်တဲ့ အာဆင်နယ်နဲ့ပွဲမှာ နိုင်မလားဆိုတာ ဆက်လက်စောင့်ကြည့်ကြဖို့မမေ့ပါစေနဲ့။ ရှုံးတဲ့အသင်းကတော့ ထွက်မှာမို့ ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ 

Source : Daily Mail Sport

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။