ပရိသတ်ကြီးရေ... ဒီတစ်ခေါက်ကတော့ ကျန်းမာရေးအတွက်ကော အလှအပ အတွက်ပါ အရမ်းကို ကောင်းတဲ့ သောက်နေကြပုံစံနဲ့ မတူတဲ့ဖျော်ရည်လုပ်နည်းလေးတွေကို ပြောပြပေးသွားမှာပါ။ မြန်မာနိုင်ငံမှာဆိုရင်တော့ များသောအားဖြင့် အသီးတစ်မျိုးထဲကိုသာ အဓိကထား ဖျော်သောက်လေ့ရှိကြပါတယ်။ ယခုပြောပြပေးမှာကတော့ ယခင်ဖျော်သောက်နေကြ အသီးဖျော်ရည်တွေနဲ့ မတူပဲ ဆေးဖက်လည်းဝင် ကျန်းမာရေးအတွက်လည်း ကောင်းတဲ့ ဖျော်ရည် (၅) မျိုး လုပ်နည်းလေးကို ပြောပြပေးသွားမှာဖြစ်ပါတယ်။


(၁) Detox Juice

Detox Juice ကို လုပ်ဖို့ အတွက်ဆိုရင် ပန်းသီး တစ်ခြမ်း၊ မုန်လာဥနီ အလုံးကြီး တစ်လုံး၊ ဗီတွတ် (မုန့်လာဥနီတစ်မျိုး) တစ်ခြမ်း၊ ဂျင်း လက်တစ်ဆစ်လောက်ကို ရေ တစ်ဖန်ခွက်နဲ့ ရောပြီး ကြိတ်ပေးရမှာဖြစ်ပါတယ်။ ပြီးရင်တော့ အရည်ကို စစ်ယူပြီး သောက်သုံးနိုင်ပါတယ်။ Detox Juice ဖျော်ရည်ကို သောက်သုံးမယ်ဆိုရင် ကိုယ်အလေးချိန်ကိုလျော့ချပေးနိုင်ရုံသာမက စိတ်ကိုလည်း ကြည်လင်လန်းဆန်းစေပါတယ်။


(၂) Antioxidant Supreme Juice

Antioxidant Supreme Juice ကို လုပ်ဖို့အတွက် သရက်သီးမှည့် တစ်လုံး၊ ဘယ်ရီသီး အနည်းတော်၊ စတော်ဘယ်ရီသီး ၁၀လုံး ကိုယူပြီး ရေတစ်ဖန်ခွက် ထည့်ပြီး ကြိတ်ပြီးပြီ ဆိုရင် သောက်သုံးလို့ရပါပြီ။ Antioxidant Supreme Juiceကို သောက်သုံးမယ်ဆိုရင် နှလုံးကို ပိုပြီးကောင်းမွန်စေရုံသာမက မှတ်ဉာဏ်တွေ တိုးစေပြီး စိတ်ကို ကြည်လင်လန်းဆန်းစေပါတယ်။

(၃) Green Power Juice

Green Power Juice ဖောျ်ရည်လေးကတော့ ထူးခြားပါတယ်။ သူကို လုပ်ဖို့အတွက် ကိုက်လန် လှီးပြီးသား တစ်ပန်းကန်၊ သခွားသီး တစ်လုံး၊ အစေ့မပါတဲ့ စပျစ်သီး အစိမ်းရောင် ၁၀လုံး၊ အစိမ်းရောင် ပန်းသီး တစ်ခြမ်း ကို ရေ ၁/၂ နဲ့ ရောပြီး ကြိတ်လိုက်ပါ။ ပြီးရင်တော့ Green Power Juice ကို သောက်သုံးလို့ရပါပြီ။ Green Power Juice က အရိုးအဆစ်ကို သန်မာစေတဲ့ အပြင် ကြွက်သားတွေကြံခိုင်အောင်လည်း လုပ်ဆောင်ပေးနိုင်တာကြောင့် လူကြီးတွေ အတွက် အထူးသင့်လျော်တဲ့ ဖျော်ရည်တစ်မျိုးပဲ ဖြစ်ပါတယ်။

(၄) Post-Workout Refuel Juice

Post-Workout Refuel Juice ကိုလုပ်ဖို့ အတွက် လိမ္မော်သီး တစ်ခြမ်း၊ ရွှေဖရုံသီး တစ်စိတ်၊ မက်မွန်သီး ၁၀လုံး၊ ပန်းသီး တစ်ခြမ်း တို့ကို ရေ တစ်ဖန်ခွက်နဲ့ ရောပြီး ကြိတ်လိုက်ပါ။ Post-Workout Refuel Juice ကို သောက်သုံးလို့ရပါပြီ။ Post-Workout Refuel Juiceကို ပုံမှန်သောက်ပေးခြင်းအားဖြင့် ကြွက်သားတွေကို ကျန်းမာ သန်စွမ်းစေပြီး ကျန်းမာရေးကိုလည်း အထူးကောင်းမွန်စေပါတယ်။

(၅) Energy Upper Juice

Energy Upper Juice ကိုလုပ်ဖို့ အတွက် လိုင်ချီသီး ၁၀လုံး၊ မက်မွန်သီး အမှည့် တစ်လုံး၊ အုန်းရည် တစ်ဖန်ခွက် တို့ကို ရောပြီး ကြိတ်ပေးရပါမယ်။ ပြီးရင်တော့ သောက်သုံးလို့ရပြီဖြစ်တဲ့Energy Upper Juice ကိုရရှိမှာပါ။ Energy Upper Juiceကို သောက်သုံးခြင်းအားဖြင့် အားဖြည့်အချိုရည်တွေသောက်စရာမလိုပဲ အားအင်တွေကို ပြန်လည်ဖြေတင်းပေးနိုင်တဲ့ အပြင် ပင်ပန်းနွမ်းနယ်မှုတွေကိုလည်း သက်သာစေပါတယ်။

အထက်မှာဖော်ပြသွားတဲ့ ဖျော်ရည် (၅)မျိုးကတော့ ခန္ဓာကိုယ်အတွက် တကယ့်ကို အထာက်အကူပြုပေးနိုင်တဲ့ ကျန်းမာရေးအတွက် အထူးကောင်းမွန်တဲ့ ဖျော်ရည်တွေပဲ ဖြစ်ပါတယ်။

Source:juicingwithg.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။