AC Milan ရဲ့ ပေါင်းသန်း၃၀တန် တိုက်စစ်မှုအသစ်တစ်ယောက်ဖြစ်တဲ့ Krzysztof Piatek ဟာဆိုရင် နံပါတ် ၉ အင်္ကျီကိုဝတ်ရန် စောင့်နေရအန်ုးမှာပဲဖြစ်ပါတယ်။ Jose Altafini, Marco van Basten နဲ့ Filippo Inzaghi တို့ဟာတစ်ချိန်က နံပါတ်၉ကို ပိုင်ဆိုင်ခဲ့သိလိုမျိုး သူလဲပိုင်ဆိုင်ခြင်းကြောင်း ကြာသပတေးနေ့ကပြောခဲ့ပါတယ်။ သူခြေစွမ်းလဲ မဆိုးပါဘူး...နံပါတ်၉ ရဖို့တန်ပါတယ်။ ဘာပဲဖြစ်ဖြစ် ခုတော့ သူစောင့်နေရပါတယ်။ 

သူဟာ Juventus ကနေအငှားချထားတဲ့ Gonzalo Higuain နေရာမှာ အစားထိုးခံရတာဖြစ်ပြီး ၂၁ပွဲကစားကာ ၁၉ဂိုးကို သွက်းပေးနိုင်ထားပါတယ်။ သူရဲ့စာချုပ်ဟာဆိုရင် ၂၀၂၃ခုနှစ်ထိဖြစ်ပြီး အဲ့အချိန်ထိ သူဟာ နံပါတ် ၁၉အကျ်ီကို ဝတ်ဆင်ထားရမှာပဲဖြစ်ပါတယ်။ သူလိုချင်တဲ့ နံပါတ်မဟုတ်ပေမဲ့လဲ ဝတ်ဆင်ထားရမှာဖြစ်ပါတယ်။ ကိုယ်လိုချင်တာ ရချင်ရင်တော့ အချိန်တစ်ခု အတိုင်းအတာတစ်ခုထိတော့ စောင့်ရစမြဲပါပဲ။  

" ရိုးသာစွာပြောရရင် သူကျွန်တော်ကို နံပါတ် ၉ ကိုတောင်တယ်ဗျ...ဒါပေမဲ့ ကျွန်တော် မပေးခဲ့ပါဘူး....ဘာလို့လဲဆိုတော့ အဲ့နံပါတ်က အရေးကြီးနံပါတ်မို့လို့ပါ " လို့ Leonardo Araujo ကပြောကြားခဲ့ပါတယ်။ Piatek ဟာ အသက် ၂၃နှစ်ရှိပြီဖြစ်ပြီး သူဟာ ပွဲတိုင်းလိုလိုမှာ ဂိုးသွင်းချင်ကာ နောက်လာမဲ့ Champions League မှာကစားနိုင်ရန် Milan ကို Top 4 ထဲဝင်အောင်ကစားမယ်လို့ ပြောခဲ့ပါတယ်။ Milan ဟာ Serie A မှာ ၃၄မှတ်နဲ့ နံပါတ် ၄နေရာ ရပ်တည်ကာ စနေနေ့မှာဆိုရင်တော့ Napoli နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။

Source : Daily Mail Sport

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။