ပရိသတ်ကြီးရေ အခုလိုအေးချမ်းတဲ့ ဆောင်းတွင်းကာလမှာ အံ့သြနှစ်သက်ဖွယ်ကောင်းတဲ့ တောင်ကိုရီးယား နိုင်ငံရဲ့ ပွဲတော်ကြီးအကြောင်းကိုတင်ဆက်ပေးပါရစေ။ နှစ်စဉ်နှစ်တိုင်းရဲ့ ဆောင်းတွင်းကာလမှာအစဉ်အမြဲ ပြုလုပ်ကျင်းပလေ့ရှိပြီး တောင်ကိုးရီးယားနိုင်ငံရဲ့ အကျော်ကြားဆုံး " Hwacheon Sancheoneo" လို့အမည်ရတဲ့ နှင်းပွဲတော်ကြီးဖြစ်ပါတယ်။

အဆိုပါနှစ်စဉ်နှစ်တိုင်းကျင်းပလေ့ရှိတဲ့ "Hwacheon Sancheoneo" ပွဲတော်ကြီးရဲ့ အလွန်နှစ်သက်ဖို့ကောင်းတဲ့ ပုံရိပ်တွေဟာဆိုရင် မြောက်ကိုရီးယား နယ်စပ်အနီးရှိ တောင်ပေါ်အရပ်မှာရာရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ထိုပုံရိပ်တွေများထဲမှ ဆွဲဆောင်မှုအရှိဆုံး အဓိကအချက်ကိုတွေ့ရှိရမှာဖြစ်ပါတယ်။ ထိုအချက်ကတော့ လက်ဗလာနဲ့ "trout"လို့အမည်ရှိတဲ့ရေချိုငါးများကို ကိုယ်တိုင်ကိုယ်ကျ ဖမ်းယူစားသောက်နိုင်တဲ့ အခွင့်အရေးတစ်ခုပဲဖြစ်ပါတယ်။

ထိုဆောင်းရာသီနှင်းပွဲတော်ကြီးရဲ့ အရမ်းကိုအေးစက်နေတဲ့ရေခဲကန်ကြီးထဲမှာ ရေချိုငါးတွေကိုမွေးမြူထားတာဖြစ်ပါတယ်။ တစ်ချို့က အအေးကို မမှုဘဲ ထိုရေခဲကန်ထဲကို ဒိုင်ဗင်းထိုးဆင်းကြတာဖြစ်ပါတယ်။ ပရိသတ်ကြီးရေ တစ်ကယ့်ကို ပျော်ရွှင်စရာကောင်းတဲ့ ပွဲတစ်ပွဲဖြစ်ပြီး တော်ရုံအအေးဒဏ် မခံနိုင်တဲ့သူကတော့ မသွားတာပဲ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ အဆိုပါ ပွဲကြီးမှာတော့အစီအစဉ်ပေါင်း၆၀ကျော်လောက်ရှိပြီး အဓိကအားဖြင့် ရေခဲငါးမျှားခြင်း၊ စွတ်ဖားစီးခြင်း၊ ရေခဲရုပ်ထုဖန်တီးမှုပြိင်ပွဲစတာတွေဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းက လူတွေတောင်လာရောက်ကြတာဖြစ်ပြီး အသက်ကန့်သတ်မှုလည်းမရှိလို့ လူကြီးလူငယ်မရွေး လွတ်လပ်စွာ ပျော်ပါးဆော့ကစားနိုင်တာဖြစ်ပါတယ်။ ပရိသတ်ကြီးရေ ဒီလ ၂၇ရက်လောက်အထိ ကျင်းပသွားမှာဖြစ်တယ်လို့လည်းဆိုပါတယ်။

Source UPI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။