ပရီးမီးယားလိဂ် ပွဲစဉ်(၂၃) အဖြစ် ကစားမည့်ပွဲစဉ်များတွင် လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးခဲ့သည်ဟုယူဆရသည့် အာဂျင်တီးနားနိုင်ငံသား အမ်မီလီယာနိုဆာလာအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြုလုပ်သွားမည်ဟု ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ်ကထုတ်ပြန်ခဲ့တာပဲ ဖြစ်ပါတယ်။၎င်းသည် ယခုဇန်နဝါရီလအပြောင်းအရွှေ့ကာလအတွင်း နန့်တက်အသင်းမှကာဒစ်အသင်းသို့ ကလပ်အသင်းစံချိန်တင်ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၁၅ သန်းဖြင့် ပြောင်းရွှေ့ခဲ့သူပဲ ဖြစ်ပါတယ်။

ဆာလာသည် ပြီးခဲ့တဲ့ရက်ပိုင်းက ပြင်သစ်နိုင်ငံ နန့်တက်အသင်းမှဝေးလ်နိုင်ငံ အခြေစိုက်ကာဒစ်အသင်းသို့ သွားရောက်ပူးပေါင်းရန်လေယာဉ်ဖြင့် လိုက်ပါလာစဉ် သူပါဝင်လိုက်ပါလာတဲ့လေယာဉ်ဟာ ဗြိတိန်ရေလက်ကြားမှာအဆက်အသွယ်ပြတ်တောက်ခဲ့ပြီး လက်ရှိအချိန်ထိရှာဖွေတွေ့ရှိခြင်းမရှိသေးပဲ ပျောက်ဆုံးလျက်ရှိနေတာပဲ ဖြစ်ပါတယ်။ 

ထို့ကြောင့် ပရီးမီးယားလိဂ်ဘောလုံးအဖွဲ့ချုပ်က အမ်မီလီယာနိုဆာလာအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ယခုရက်ပတ်အတွင်းကစားမည့်ပွဲစဉ်များတွင် ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြုလုပ်သွားမှာပဲ ဖြစ်ပါတယ်။

Source - Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။