ဘာစီလိုနာအသင်းသည် မန်ယူအသင်းကွင်းလယ်ကစားသမား မာတာကိုအလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန်ပြင်ဆင်နေတာပဲ ဖြစ်ပါတယ်။ မာတာသည် မန်ယူအသင်းနှင့်ချုပ်ဆိုထားသောစာချုပ်အရ လာမည့်ရာသီတွင်စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ၎င်းအနေဖြင့် အသင်းနှင့်စာချုပ်သက်တမ်းတိုးမြှင့်ဖွယ်မရှိကြောင်း ငိရပါတယ်။ 

မာတာသည် ချယ်လ်ဆီးအသင်းမန်ယူအသင်းသို့ ပြောင်းရွှေ့ခဲ့ပြီးနောက် နည်းပြမိုယက်စ်လက်ထက်တွင်သာ ပုံမှန်ပွဲထွက်ခွင့်ရခဲ့သော်လည်း နောက်ပိုင်းတွင်ပုံမှန်ပွဲထွက်ခွင့်ရရှိရန်ရုန်းကန်ခဲ့ရငည့်အတွက် ပုံမှန်ပွဲထွက်ခွင့်ရရှိမည့်အသင်းသို့ပြောင်းရွှေ့ကစားရန် စိတ်ဝင်စားနေတာပဲ ဖြစ်ပါတယ်။ မန်ယူအသင်းသည် မာတာနှင့်ချုပ်ဆိုထားသော စာချုပ်သက်တမ်းကုန်ဆုံးပါက ၎င်းကိုတစ်နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုခွင့်ရှိနေသောကြောင့် တစ်နှဟ်သက်တမ်းတိုးကာ ပြောင်းရွှေ့ကြေးပမာဏတစ်ခုဖြင့် ရောင်းချသွားဖွယ်ရှိနေတာပဲ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းသည် လာမည့်ရာသီအတွက်ကစားသမားများကို အကြိုသဘောတူစာချုပ်များချုပ်ဆိုနေသည့်အသင်းဖြစ်ပြီး အေဂျက်ဇ်အသင်းကစားသမား ဒီဂျောင်ကို ယူရို ၇၅ သန်းဖြင့် အကြိုသဘောတူညီမှု ရရှိထားသကဲ့သို့မာတာကိုလည်း အကြိုသဘောတူညီမှုစာချုပ်ချုပ်ဆိုသွားရန် ပြင်ဆင်နေတာပဲ ဖြစ်ပါတယ်။ မာတာသည် ၂၀၁၄ ခုနှစ်ကချယ်လ်ဆီးအသင်းမှ မန်ယူအသင်းသို့ပြောင်းရွှေ့ခဲ့သည့် ကစားသမားဖြစ်ပြီး မန်ယူအသင်းအတွက်ပွဲပေါင်း ၂၀၈ ပွဲအထိ ပါဝင်ကစားပေးထားပြီး ၄၄ဂိုးသွင်းယူပေးထားကာ ဂိုးဖန်တီးမှု ၃၅ ကြိမ်အထိ ပြုလုပ်ထားသူပဲ ဖြစ်ပါတယ်။

Source - BBC Sports 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။