မူးမေ့လဲသူတွေတောင်ရှိခဲ့တဲ့ ဖောင်တစ်စောင်လျှင် ကျပ် ၃၀၀၀၀ ကျော်တန်သည့် ကိုရီးယား EPS စာမေးပွဲလျှောက်လွှာများကို လူငယ်သောင်းချီတိုးဝှေ ့ဝယ်ယူကြခြင်း

ယနေ ့နံနက် ၄ နာရီခန် ့ကတည်းက မြောက်ဒဂုံရှိ ပင်လုံခန်းမတွင် ကိုရီးယား EPS စာမေးပွဲ ဖြေဆိုရန်အတွက် လူတစ်သောင်းကျော်သည် စာမေးပွဲလျှောက်လွှာများကို တိုးဝှေ ့ဝယ်ယူနေကြပါသည် ။

ထိုအကြောင်းကို ကိုယ်တိုင်ဝယ်ယူသူတစ်ဦးဖြစ်သူ မန္တလေးမြို ့မှ ကိုပြည့်ဖြိုးကျော်က အကုန်သိသတင်းဌာနကို ပြောကြားချက်အရသိရှိရသည် ။

ကိုပြည့်ဖြိုးကျော်၏ ပြောပြချက်အရ လျှောက်လွှာဝယ်ယူရန် မနက် ၄ နာရီတည်းက လာရောက်တိုးနေကြပြီး လူဦးရေ ၁ သောင်းကျော်ရှိကာ မူးမေ ့လဲသူများ

ပင်ရှိကြောင်းသိရသည် ။

၃ ရက်အတွင်း ရောင်းချပေးမည့် အဆိုပါလျှောက်လွှာများကို ယနေ ့မှ စ၍ စတင်ရောင်းချပေးနေပြီး တစ်စောင်လျှင် မြန်မာငွေ ၃၂၀၀၀ သို ့မဟုတ် ကန်ဒေါ်လာ ၂၄ ဖြင် ့ဝယ်ယူနို်င်ကြောင်းလည်း လျှောက်လွှာဝယ်ယူသူများ၏ ပြောကြားချက်အရ သိရှိရသည် ။

ရေးဖြေစာမေးပွဲအောင်မြင်ပြီးလျှင် အလုပ်လုပ်ကိုင်နိုင်ရန်မှာ သေချာသည့်အတွက် ထိုကဲ့သို ့တိုးဝှေ ့ဝယ်ယူနေကြခြင်းဖြစ်ပါသည် ။

လက်ရှိတွင် မြန်မာလုပ်သား နှစ်သောင်းကျော် ကိုရီးယားနိုင်ငံသို ့ရောက်ရှိနေကြောင်းသိရှိရပြီး အနိမ့်ဆုံး လစာမှာ မြန်မာငွေ ကျပ် ၁၅ သိန်းခန် ့ရှိကြောင်း

လည်းသိရှိရသည် ။

လျှောက်လွှာလာရောက်ဝယ်ယူသူများ များပြားလှသည့်အတွက် ပတ်စ်ပို ့ပျောက်ဆုံးသွားသူများနှင့် မူးမေ့လဲကျသွားသောဖြစ်ရပ်များလည်း ဖြစ်ပေါ်ခဲ့ကြောင်းလည်းသိရှိရပါသည် ။

ဓါတ်ပုံ-ပြည့်ဖြိုးကျော်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။