ဒီနေ့ညနေ၃နာရီခွဲအချိန်မှာတော့မြန်မာဒါဘီပွဲစဉ်တစ်ပွဲလို့တင်စားရတဲ့ရတနာပုံအသင်းနဲ့ရန်ကုန်ယူနိုက်တက်တို့ပွဲစဉ်ကိုယှင်ပြိုင်တော့မှာဖြစ်ပါတယ်။ဒီနှစ်သင်းတွေ့ဆုံမှုတိုင်းဟာအကြိတ်အနယ်နဲ့အားပေးကြမ်းမှုတွေကြောင့်ပရိသတ်တွေယနေ့အချိန်ထိစိတ်ဝင်စားဆုံးဖြစ်နေရတာပါ။မြန်မာ့လက်ရွေးစင်အများစုပါဝင်တဲ့အသင်းဖြစ်ပြီးချန်ပီယံဆုတွေကိုအကြိမ်ကြိမ်ရဘူးတဲ့အသင်းတွေဖြစ်တာကြောင့်မြန်မာနေရှင်နယ်လိဒ်ရဲ့အင်အားကြီးအသင်းတွေအဖြစ်ရပ်တည်နေတာပါ။

သူတို့နှစ်သင်းကတော့မြန်မာနေရှင်နယ်လိဒ်မစခင်MNL Cup ဗိုလ်လုပွဲမှာကတည်းက ကွင်းလုံးပြည့်ပရိသတ်တွေနဲ့ပြိုင်ဆိုင်မှုပြင်းထန်ခဲ့တာပါ။နှစ်သင်းတွေ့ဆုံတိုင်းလည်းတစ်သင်းနဲ့တစ်သင်းကတစ်လျောက်တခါဆီကိုအနိုင်ရနေတာကြောင့်ရလဒ်တွေကကွာခြားတဲ့အခြေနေမှာရှိနေတာမဟုတ်ပါဘူး။နောက်ဆုံးအကြိမ်တွေ့ဆုံမှုမှာတော့ရတနာပုံအိမ်ကွင်းမှာရန်ကုန်အသင်းကနောက်ကျဂိုးနဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။ဒီပွဲစဉ်တိုင်းလည်းကစားသမားတွေအချင်းများလေ့ရှိပြီးဒိုင်တွေအမြဲဖြေရှင်းပေးရပါတယ်။

ရတနာပုံအသင်းကတော့ဒီနှစ်ရာသီမှာအိမ်ကွင်းအဖြစ်မန္တလာသီရိကွင်းကိုအသုံးမပြုတော့ပဲအောင်မြေလို့တင်စားရတဲ့ဗထူးကွင်းမှာကစားမှာကြောင့်ပိုစိတ်ဝင်စားစရာကောင်းနေပါတယ်။ရတနာပုံပွဲစဉ်တိုင်းမှာအမြဲပရိသတ်အပြည့်ရှိတာကြောင့်ရန်ကုန်အသင်းအတွက်တော့အခက်ခဲဆုံးကြိုးစားရတော့မှာပါ။လက်ရှိအမှတ်ပေးဇယားမှာတော့ရန်ကုန်အသင်းကအဆင့်၁နေရာရပ်တည်နေပြီးရတနာပုံအသင်းကတော့အဆင့်၉နေရာမှာရပ်တည်နေပါတယ်။တိုက်စစ်ပိုင်းမှာဂိုးမြူးနေတဲ့ရန်ကုန်အသင်းနဲ့နိုင်ငံခြားသားမပါပဲကစားနေတဲ့ရတနာပုံအသင်းတို့တွေ့ဆုံမှုမှာဘယ်အသင်းအနိုင်ရမလဲဆိုတာစိတ်ဝင်စားစွာနဲ့စောင့်ကြည့်ဖိုဖိတ်ခေါ်လိုက်ပါတယ်။

Photo:Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။