စိုင်းစိုင်း၊ဖြိုးလေး ၊နေဝင်း နဲ့ အိမ့်ချစ် ၊မိစန္ဒီ စတဲ့ အနုပညာရှင်တွေက တစ်ဖက်မှာလည်း စီးပွားရေးဘက်ကို အချိန်ပေးနေကြသလို သွန်းဆက်ကလည်း သူ့ရဲ့ ကိုယ်ပိုင်စီးပွားရေးတစ်ခုကို လုပ်ချလိုက်ပြန်ပါပြီ။

မော်ဒယ် ၊ သရုပ်ဆောင် သွန်းဆက် တစ်ယောက် သူမရဲ့ ကိုယ်ပိုင် အမှတ်တံဆိပ် အကျီလေးတွေကို သင်္ကြန်အတွက်အဓိကထားပြီး ထုတ်လုပ်ရောင်းချသွားမှာဖြစ်တယ် လို့သိရပါတယ်။

သွန်းဆက်က သူမရဲ့ ငယ်နာမည် ဂွန်းဂွန်း ဖြစ်တဲ့ (GG) အမှတ်တံဆိပ် အကျီလေးတွေ ကို သူမကိုယ်တိုင်ဝတ်ဆင်ပြီး ကြော်ငြာထားပါတယ်။

အဆိုပါအကျ ႌလေးတွေဟာ ဟောင်ကောင် made ဖြစ်ပြီး တီရှပ်နဲ့ မိန်းကလေးဝတ် Crop top လေးတွေကို မြန်မာသင်္ကြန် မှာ ပျော်နေတဲ့ပုံလေးတွေ မြန်မာစာလေးတွေနဲ့ ဒီဇိုင်းဖော်ထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် အကျ ႌကို ဖောင်းကြွစတစ်ကာလေးတွေနဲ့ ပုံဖော်ထားပြီး စျေးနှုန်းကတော့T Shirt တစ်ထည်စျေးနှုန်း( 9500)၊ Crop top တစ်ထည်စျေးနှုန်းကတော့ (9000)ကျပ်ဖြစ်တယ်လို့ သိရပါတယ်။

လက်တလောမှာတော့ သွန်းဆက်တစ်ယောက် ဟိုင်းကြီးကျွန်း ဘက်ကို အလည်အပတ်ရောက်ရှိနေတဲ့ပုံပါပဲ။

သွန်းဆက်ကိုချစ်တဲ့ ပရိသတ်တွေလည်း သူမရဲ့ ကိုယ်ပိုင်brand ဖြစ်တဲ့ GG အကျင်္ီလေးတွေကို အောက်ပါလိပ်စာအတိုင်း အားပေးလို့ရပါတယ်။

သတင်းအရင်းမြစ် Thun sett

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။