ကာဒစ်စီးတီးအသင်းက ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တဲ့ နန့်တက်စ်တိုက်စစ်မှူး အီမီလီယာနိုဆာလာ လိုက်ပါလာတဲ့ လေယာဉ်ဟာပျောက်ဆုံးနေခဲ့တာရက်အနည်းငယ်ကြာနေခဲ့ပါပြီ။လေယာဉ်ပျက်ကျတယ်ဆိုတဲ့သတင်းတွေထွက်ခဲ့တယ်ဆိုတဲ့အချိန်ကတည်းကရှာဖွေမှုတွေဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ရှာဖွေမှုတွေကိုရပ်တန့်လိုက်ပြီလို့ကြော်ငြာခဲ့တာကြောင့်ပရိသတ်တွေအကုန်စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။

ခုမှာတော့အသေးရှားရှာဖွေမှုတွေကိုတော့ဆက်လက်လုပ်ဆောင်နေတာဖြစ်ပါတယ်။အကြီးစားရှာဖွေမှုတွေရပ်တန့်လိုက်တာကြောင့်ပရိသတ်တွေသာမကဘောလုံးကစားသမားတွေအကုန်လည်းစိတ်မကောင်းဖြစ်ခဲ့ကြပါတယ်။ဘောလုံးပွဲတွေတိုင်းမှာလည်းပွဲမစခင်တစ်မိနစ်ခန့်ငြိမ်သက်ပြီးဝမ်းနည်းခြင်းအထိမ်းအမှတ်တွေကိုပြုလုပ်နေကြပါပြီ။

ကစားသမားတွေထဲမှာမှချယ်လ်ဆီးအသင်းရဲ့ကွင်းလယ်ကစားသမားကန်တီကတော့ရှာဖွေမှာတွေကိုဆက်လက်လုပ်ဆောင်ဖို့ရှာဖွေနေတဲ့အဖွဲ့အစည်းတွေကိုပြောကြားလိုက်တာဖြစ်ပါတယ်။ကုန်ကျစရိတ်တွေကိုလည်းကန်တီဘက်ကနေစိုက်ထုတ်ပေးသွားမှာဖြစ်ကြောင်းကမ်းလှမ်းခဲ့တာပါ။ကန်တီကတော့ချယ်လ်ဆီးကွင်းလယ်မှာခြေစွမ်းပြဂိုးတွေသွင်းယူနေတဲ့ကစားသမားပဲဖြစ်ပါတယ်။သူ့ရဲ့လူတစ်ဖက်သားအပေါ်ထားတဲ့စေတနာလေးကတော့ချီးကျူးစရာပဲဖြစ်ပါတယ်။

Source:Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။