မြန်မာ့လက်ရွေးစင်ကစားသမားအောင်သူကတော့ထိုင်းထိပ်သီးမြောင်တောင်ယူနိုက်တက်မှာပါဝင်ကစားနေတာဖြစ်ပါတယ်။ပြိုင်ဆိုင်မှုပြင်းထန်တဲ့ထိုင်းပရီးမီးယားလိဒ်ပြိုင်ပွဲကတော့နောက်လပိုင်းမှာစတင်မှာဖြစ်တာကြောင့်ရာသီကြိုခြေစမ်းပွဲတွေကစားပြီးအသင်းကိုပြင်ဆင်နေတာဖြစ်ပါတယ်။အောင်သူကတော့ထိုင်းပရီးမီးယားလိဒ်နဲ့မစိမ်းပေမယ့်ခုလိုအသင်းကြီးတစ်သင်းမှာတော့ပွဲထွက်ခွင့်ဖို့ကြိုးစားရမှာဖြစ်ပါတယ်။

အောင်သူကတော့ခုလက်ရှိမှာမြောင်တောင်အသင်းရဲ့ခြေစမ်းပွဲတွေမှာပွဲတိုင်းပါဝင်ကစားပြီးခြေစွမ်းပြနေတာဖြစ်ပါတယ်။ဒါကြောင့်မြောင်တောင်ပရိသတ်တွေရဲ့အချစ်တော်တစ်ယောက်ဖြစ်နေရတာပါ။ရာသီကြိုခြေစမ်းပွဲတွေကစားနေတဲ့မြောင်တောင်အသင်းကတော့မနေ့က ကမ္ဘောဒီးယားကလပ်အသင်းနဲ့ခြေစမ်းခဲ့ပြီး၄-၁နဲ့အနိုင်ရခဲ့ပါတယ်။

ဒီခြေစမ်းပွဲကိုတော့အောင်သူကဒုတိယပိုင်းမှာပါဝင်ကစားခဲ့တာဖြစ်ပါတယ်။ဒုတိယပိုင်းမှဝင်ကစားခဲ့ပေမယ့်အသင်းအတွက်ဂိုးတစ်ဂိုးသွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။အောင်သူကတော့အသင်းတိုင်းမှာခြေစွမ်းပြကစားတာကြောင့်အသင်းကြီးတွေတိုင်းကသူ့ကိုခေါ်ယူချင်နေကြတာပါ။အောင်သူ့ကိုချစ်ပြီးအားပေးနေတဲ့ပရိသတ်ကြီးအတွက်လည်းအောင်သူ့ရဲ့သွင်းဂိုးလေးကိုကြည့်ပြီးအားပေးကြပါဦးနော်။

Source:Muangthong United 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။