မြန်မာ့လက်ရွေးစင်အသင်းရဲ့အဓိကနောက်ခံလူတစ်ယောက်ဖြစ်တဲ့ဇော်မင်းထွန်းကတော့ဒီနှစ်ဘောလုံးရာသီမှာထိုင်းလိဒ်ကလပ်ချောင်ဘူရီမှာကစားတော့မှာဖြစ်ပါတယ်။ရန်ကုန်ယူနိုက်တက်အသင်းမှာလည်းခြေစွမ်းပြပြီးအောင်မြင်မှုတွေယူပေးနိုင်တဲ့နောက်ခံ ခံစစ်မှူးတစ်ယောက်လည်းဖြစ်ပါတယ်။သူကတော့အသင်းအတွက်အရေးပါတဲ့ဂိုးတွေကိုသွင်းယူပေးနိုင်တဲ့သူလည်းဖြစ်ပါတယ်။

နောက်လမှာထိုင်းပရီးမီးယားလိဒ်ပြိုင်ပွဲကြီးကစတင်မှာဖြစ်တာကြောင့်ချောင်ဘူရီအသင်းကခြေစမ်းပွဲတွေကစားပြီးပြင်ဆင်နေတာဖြစ်ပါတယ်။ခြေစမ်းပွဲတိုင်းမှာလည်းဇော်မင်းထွန်းကပါဝင်ကစားခွင့်ရတာဖြစ်ပါတယ်။ချောင်ဘူရီအသင်းမှာလည်းဇော်မင်းထွန်းနဲ့တူတူမြန်မာအသင်းရဲ့အဓိကကွင်းလယ်လူစည်သူအောင်ပါသွားရောက်ကစားနေတာဖြစ်ပါတယ်။တစ်သင်းထဲမှာနိုင်ငံလက်ရွေးစင်ကစားသမား၂ယောက်ရှိတာကြောင့်ဇော်မင်းထွန်းအတွက်တော့အားတက်စရာပဲဖြစ်ပါတယ်။

ချောင်ဘူရီအသင်းကတော့ရာသီကြိုအနေနဲ့J.league Asia Challenge 2019မှာအနိုင်ယူပြီးရာသီသစ်မတိုင်ခင်ဖလားတစ်လုံးရပြီးအောင်မြင်မှုစတင်လိုက်ပြီဖြစ်ပါတယ်။ဂျေလိဒ်ကလပ်အသင်းကို(၂-၁)ဆိုတဲ့ရလဒ်နဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။ဒီပွဲစဉ်မှာဇော်မင်းထွန်းကလည်းအဓိကခြေစွမ်းပြခဲ့တဲ့ကစားသမားဖြစ်ပါတယ်။ရန်ကုန်ယူနိုက်တက်မှာလည်းဖလားတွေဆွတ်ခူးနိုင်ခဲ့ပြီးချောင်ဘူရီအသင်းမှာပါဖလားတွေဆွတ်ခူးနိုင်အောင်စွမ်းဆောင်ပေးနေတဲ့ဇော်မင်းထွန်းရဲ့ပုံရိပ်လေးတွေကိုလည်းတင်ဆက်ပေးလိုက်ကပါတယ်။

Source:Chonburi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။