ချယ်လ်ဆီးအသင်းကစားသမားဟာဇက်က အသင်းသို့ပြောင်းရွှေ့ခဲ့သည့် တိုက်စစ်မှူးဟီဂူအင်အနေဖြင့် အသင်းတိုက်စစ်ပိုင်းတွင်အကောင်းဆုံးဖြည့်ဆည်းပေးနိုင်မည်လို့ ပြောကြားခဲ့တာပဲဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းနည်းပြဆာရီက လိုအပ်ချက်များရှိနေသည့်အသင်းတိုက်စစ်ပိုင်းအတွက် အင်အားဖြည့်တင်းမှုအနေဖြင့်ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် အေစီမီလန်အသင်းတိုက်စစ်မှူးဟီဂူအင်ကို ခြောက်လအဌားစာချုပ်ဖြင့် ခေါ်ယူခဲ့တာပဲ

ဟာဇက်က Evening Standard သတင်းဌာနနှင့်အင်တာဗျူးအစီအစဉ်တွင် “ ကျွန်တော်ကထိပ်တန်းကစားသမားတွေနဲ့ တွဲဖက်ကစားရတာကြိုက်နှစ်သက်ပါတယ်။ ချယ်လ်ဆီးအသင်းမှာ ကျွန်တော်ဟာ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးတွေထဲကတစ်ယောက်ဖြစ်တဲ့ ကော်စတာနဲ့ သုံးနှစ်လောက်တွဲကစားခဲ့ဖူးပါတယ်။ အခုကျွန်တော်တို့ပူးပေါင်းလာတဲ့ ဟီဂူအင်ကလည်းကမ္ဘာ့အကောင်းဆုံးတွေထဲက တစ်ယောက်ပါပဲ။ သူဟာ သွင်းဂိုးများစွာ သွင်းခဲ့ဖူးပါတယ်။ သူ့ရဲ့ကစားသမားဘဝတစ်လျှောက်ကိုကြည့်မယ်ဆို ရင်သူဟာကစားခဲ့ဖူးတဲ့ ကလပ်အသင်းတိုင်းမှာ သွင်းဂိုးတွေနဲ့သက်သေပြခဲ့ပါတယ်” လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

“ ကျွန်တော်တို့အသင်းမှာလည်း သူ့ရဲ့ခြေစွမ်းကောင်းတွေမြင်တွေ့ရဖို့မျှော်လင့်မိပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာကျွန်တော်တို့အသင်းရဲ့ ကစားပုံဟာပွဲတိုင်းနီးပါးကောင်းမွန်ခဲ့ပင်မဲ့ သွင်းဂိုးတစ်ဂိုးလောက်ပုံမှန်သွင်းပေးနေတဲ့ ကစားသမားမျိုးပုံမှန်လိုအပ်နေပါတယ်။ တချို့ပွဲစဉ်တွေမှာ ကျွန်တော်တို့အသင်းဟာကစားပုံကောင်းခဲ့ပင်မဲ့ ဂိုးမရခဲ့ပါဘူး။ အခုရောက်လာတဲ့ တိုက်စစ်မှူးဟီဂူအင်ဟာ အဆုံးသတ်ပိုင်းကောင်းမွန်ပြီး အသင်းကလိုအပ်နေတဲ့နေရာကို အကောင်းဆုံးဖြည့်ဆည်းပေးနိုင်မယ်” လို့မျှော်လင့်ရပါတယ်လို့ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

Source - Goal.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။