Liverpool အသင်းဟာဆိုရင်တော့ ခုချိန်မှာ Fa Cupနဲ့ Premier League အတွက် အပြင်းအထန်းကြိုးစားကာ လေ့ကျင့်ခန်းဆင်းနေကြပြီပဲဖြစ်ပါတယ်။ ပြိုင်ဘက်အသင်းဖြစ်တဲ့ Manchester City ကလဲ ၄သင်း ပြိုင်ပွဲအတွက် ကြိုးစားနေတုန်းပဲဖြစ်ပါတယ်။ Liverpoolဟာဆိုရင် ဗုဒ္ဓဟူးနေ့မှာ Leicester နဲ့ Premier Leagueမှာ ရင်ဆိုင်ရမှာပဲဖြစ်ပါတယ်။ အသင်းဟာလဲ Premier Leagueရဲ့ နံပါတ်တစ်နေရာမှာရပ်တည်နေပါတယ်။

ဒါပေမဲ့ သောကြာနေ့က Melwoodနဲ့ပွဲစဉ်မှာ ကိုယ့်ကိုကို အားရကျေနပ်မှုမရှိတဲ့ ကစားသမားတွေဖြစ်တဲ့ Mo Salah...Roberto Firmino နဲ့ Co ကတော့သိသိသာသာပဲ ခုချိန်မှာတော့ ပြုံပျော်ရွှင်နေတာကို တွေ့ရပါတယ်။ Sadio Mane ဟာလဲ လေ့ကျင့်ခန်းဆင်းနေပြီပဲဖြစ်ကာ Virgil van Dijk နဲ့ Fabinho ကတော့ နာမကျန််း ဖြစ်မှုကြောင့် လေ့ကျင့်ခန်းဆင်းလို့မရပါဘူး။ Jurge Klopp ကတော့ လေ့ကျင့်ရေးကွင်းမှာ တော်တော်ကိုပြုံးနေပါတယ်။

Kloppက Dejan ဟာအသင်းအတွက်အရေးကြီးကြောင်းလဲ ပြောခဲ့ပါသေးတယ်။ " Van Dijk နဲ့ Fabinho ဟာနေမကောင်းဖြစ်နေကြတယ်လေ.....ရာသီဥတုအခြေအနေကလဲ အနည်းငယ်ပြောင်းလဲနေတယ်....အဲ့လိုပြောငးလဲတာဘာမှမဖြစ်ပါဘူး.....ကျွန်တော်တို့စိုးရိမ်စရာမလိုပါဘူး " လို့လဲပြောကြားခဲ့ပါသေးတယ်။ Liverpool ဟာလဲ ခုချိန်မှာ ခြေစွမ်းကောင်းတွေပိုင်ဆိုင်ထားတဲ့ အသင်းပဲမို့ ပရိသတ်တွေအခိုင်အမာလဲရှိထားပါတယ်။

Source : Daily Mail Sport

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။