Helen Wakeman 43နှစ်နဲ့ John Dargan 33နှစ်တို့ဟာ ချစ်သူတွေဖြစ်ကြပါတယ်။ တစ်ရက်မှာသူတို့နှစ်ယောက်ဟာ Dudley ရဲတိုက်ကို အလည်သွားရောက်ခဲ့ကာ ပုံတစ်ပုံကိုအမှတရအနေနဲ့ ရိုက်ခဲ့ပါတယ်။ သူတို့ဟာ အဲ့ပုံကိုရိုက်ပြီး ရက်အတော်အကြာထိ အသေအချာ မကြည့်ခဲ့ကြဘူးဗျာ။ ဒါပေမဲ့ သူ့တို့နှစ်ယောက်ဟာ တစ်ရက်မှာ အဲ့ပုံကိုသေချာလေးကြည့်လိုက်တဲ့အခါမှာ သူတို့ဘယ်လိုမှ မထင်မှတ်ထားတဲ့ အရာကိုတွေ့ရှိခဲ့ပါတယ်။ 

သူတို့ချစ်သူနှစ်ယောက်ဟာ Birmingham မှာနေထိုင်ကြတာပဲဖြစ်ပါတယ်။ ပြီးတော့သူတို့နှစ်ယောက် ghost hunters တွေပဲဖြစ်တာမို့ အဲ့နေ့ကသူတို့နှစ်ယောက်ဟာ အဲ့ရဲတိုက်ကိုသွားခဲ့ကြခြင်းဖြစ်ပါတယ်။ သူတို့အဲ့လိုဓာတ်ပုံရိုက်လိုက်တဲ့ခါမှာ သူတို့ရဲ့နောက် မီတာအနည်းငယ်လောက်မှာပဲ ဘာရှိနေလဲဆိုတာကို သူတို့မတွေမိ မရိမ်မိခဲ့ကြပါဘူး။ ဘာအရာက သူတို့နောက်မှရပ်နေလဲဆိုတော့ ဘုန်းကြီးသရဲပါ။ ဘုန်းကြီးသရဲက သူတို့နဲ့မနီးမဝေးလောက်မှာပဲရပ်နေခဲ့တာပါ။ ပုံထဲမှာတော့ အနည်းငယ်ဝါးနေတာမို့ သေချာမမြင်ရပါဘူး။  

Effectတွေဘာတွေလို့လဲ သင်ပြောနိုင်ထင်နိုင်ပါတယ်။ ဒါပေမဲ့အဲ့အရာကတကယ်ဖြစ်ခဲ့တယ်ဗျ....သူတို့မတိုင်ခင်မှာလဲ အရှေ့ကအတွဲဟာ အဲ့လိုပဲဓာတ်ပုံရိုက်ခဲ့ကာ ညတိုင်းလိုလို အခြောက်ခံရတယ်လို့ပြောခဲ့ပြီး ခုဆိုရင် အဲ့အတွဲဟာ ဘာသာရေးနဲ့ပတ်သတ်တာတွေနဲ့ ကုသနေရပါတယ်။ ပရိသတ်ကြီးလဲသိမှာပါ ဘုန်းကြီးသရဲအကြောင်းကို....ဒါပေမဲ့လဲ ဘာသာတွေကမတူတော့ ဘုန်းကြီးတွေကလဲမတူကြပါဘူး။ဘာပဲဖြစ်ဖြစ်ပါ သူတို့အရှေ့ကအတွဲရိုက်ထားတာပုံအပြင်မဟုတ်ပါဘူး videoလဲပါပါတယ်....ဒါပေမဲ့ အဲ့videoဟာ တင်ခဲ့ပြီး တစ်ပတ်အကြာမှာပဲ ပျက်သွားခဲ့ပါတယ်။

Source : Mirror 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။