ကမ္ဘာပေါ်မှာ fast food တွေက အရမ်းကိုရေပန်းစားပါတယ်....ဒါပေမဲ့....ကြော်ထားတဲ့ ကြက်သားကို စားခြင်းက စိုးရိမ်စရာ အန္တရာယ်ရှိတယ်လို့ လေ့လာတွေ့ရှိသူတွေကပြောကြပါတယ်။ ဘယ်လောက်ထိ အန္တရာယ်ရှိလဲဆိုသေပါသေစေနိုင်တယ်လို့ ပြောကြပါတယ်။ သူတို့ပြောတော့လဲ ကိုယ်တွေယုံရတာပါပဲ....စားတောင်မစားချင်တော့ဘူး...ဒါပေမဲ့လဲ လူဆိုတာတစ်နေ့သေကြရမှာပဲလေ။ ဘယ်လိုအစားအစာတွေက အဲ့လိုဖြစ်စေလဲဆို ကြော်ထားတဲ့အစားအစာတွေပေါ့ဗျာ...ကြက်ကြော်နဲ့ ငါးကြော်လဲပါပါတယ် အဲ့ထဲမှာ...။ 

များများစားလေ ပိုပိုထိခိုက်လေပါပဲ...ပြီးတော့ သေမဲ့အချိန်ကိုလဲပိုမြန်စေပါတယ်။ အသေစောတာပေါ့ဗျာ....မဖြစ်သင့်ဘူးလေနော်....အစားအစာတွေကို လွန်လွန်ကျူကျူမစားရင်ဘာမှမဖြစ်သင့်ဘူးလေ...ခုကကျတေ့ များလွန်ပါတယ်။ University Of Lowa က လေ့လာရေးပညာရှင်တွေက တစ်ရက်ကို တစ်ခုဒါမှမဟုတ် တစ်ခုထက်ပိုတဲ့ ကြော်လှော်ထားတဲ့အစားအစာကို စားခြင်းက အဲ့လိုကြော်လှော်ထားတဲ့အစားအစာကိုမစားခြင်းထက် အသက်အန္တရာယ်ကို ၈ရာခိုင်နှုန်းပိုစေတယ်လို့ ပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီးတော့သူတို့ဟာ ကြက်ကြော်ကိုစားတာက ၁၃ရာခိုင်နှုန်းပိုမြင့်ကြောင်းကိုလဲတွေ့ရှိခဲ့ကြပါတယ်။ ကြက်ကြော်ဆိုတာ KFCတို့လို ကြက်ကြော်တွေပဲဖြစ်ပါတယ်။ တော်တော်ဆိုးဆိုးပါပဲခဗျာ....သူတို့လေ့လာချက်တွေက အရမ်းကိုမြင့်မာပြီး သက်သေတွေလဲပြသနိုင်ခဲ့ကြပါတယ်။ အာ့ကြောင့်ပဲ ကမ္ဘာအဖွဲ့အစည်းက အကြော်အလှော်တွေကိုစားရင် သေချေရာခိုင်နှုန်းပိုများကြောင့် ကိုအတည်ပြုထားခြင်းပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလဲ ကျန်းမာရေးနဲ့ညီညွှတ်အောင်စားပေါ့ဗျာ။ သတင်းကောင်းကတော့ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ ချက်ပြုတ်နည်း တစ်နည်းအားဖြင့် ကင်စားရင်ပေါ့ဗျာ...အဲ့လိုစားခြင်းက ဘာမှမဖြစ်စေပါဘူး။

Source : Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။