ကျွန်တော်တို့ နေထိုင်တဲ့ ကမ္ဘာကြီးဟာ တစ်ခါတစ်လေ ထူးဆန်းလွန်းတယ်လို့တယ်လို့တောင် ထင်ရပါတယ်။ ဘာလို့လဲဆိုရင် လူသားနှစ်ယောက် မနက်ခင်းစောစောမှာ လမ်းလျှောက်ကြတာခြင်းအတူတူ တစ်နေ့လုပ်မှတစ်နေ့စားနေရတဲ့ အခြေခံလူတန်းစားတွေမှာ ခရီးတစ်မိုင်ကို စားဝတ်နေရေးအတွက် လမ်းလျှောက်ရှာဖွေနေရတာ ဖြစ်ပြီး လူချမ်းသာတွေအတွက်ကတော့ ခရီးတစ်မိုင်ဆိုတာ မနက်ခင်းမှာ ကျန်းမာရေးအတွက် ပေါ့ပေါ့ပါးပါး လမ်းလျှောက်နေရတာ ဖြစ်နေလို့ပါပဲ။  

လူတွေဟာ မွေးဖွားလာကတည်းက မတူညီမှုပေါင်းများစွာနဲ့ ကွဲလွဲစွာ မွေးဖွားလာခဲ့တာပဲ ဖြစ်ပါတယ်။ ဒီလိုမတူညီမှုတွေဟာ တစ်ကယ်တော့ ဘဝမှာ အရေးပါတဲ့အချက်မဟုတ်ပဲ လူအားလုံး တန်းတူညီမျှြ့ဖစ်နေဖို့ကသာ အရေးကြီးဆုံး အချက်တစ်ချက် ဖြစ်ပါတယ်။ ဖြူတယ် ၊ မဲတယ် ၊ ဝတယ် ၊ ပိန်တယ် မခွဲခြားပဲ မေတ္တာတရားတွေနဲ့ လက်တွဲနေထိုင်သွားရင် ငြိမ်းချမ်းမှုကို ရှာတွေ့နိုင်တယ်ဆိုတာ ဒီပုံလေးက သက်သေပြနေပါတယ်။ 

အကယ်၍ သင်ဟာ အန္တရာယ်တစ်ခုကြုံတွေ့လာတဲ့အခါ မိမိကိုယ်ကို မထိခိုက်အောင် ဘယ်လိုလုပ်မလဲ အာရုံစိုက်ထားနိုင်ရင် အာ့ဒီအန္တရာယ်ကနေ လွတ်မြောက်နိုင်သလို ဘဝမှာလည်း ကြုံတွေ့ခဲ့ရတဲ့ အမှားတွေကို နောက်တစ်ခါထပ်မဖြစ်အောင် ဂရုစိုက်နိုင်ရင် သင်ဟာ အတွေ့အကြုံတွေကို တည်တည်ငြိမ်ငြိမ်နဲ့ ဖြတ်သန်းနိုင်တဲ့ လူတစ်ယောက် ဖြစ်နိုင်ပါပြီ။  

လူသားနှစ်ယောက် ရေရှည်လက်တွဲနိုင်ဖို့အတွက် ချောကလက်တွေ၊ ပန်းစည်းတွေ ၊ အမှတ်တရလက်ဆောင်တွေ သိပ်မလိုအပ်ပါဘူး ။ သစ္စာတရား၊ ယုံကြည်နားလည်မှု၊ စစ်မှန်တဲ့မေတ္တားတရားတွေကသာ ဒီလူသားနှစ်ယောက်ရဲ့ သံယောဇဉ်တွေကို ခိုင်မြဲအောင် ချည်နှောင်ထားတဲ့ ကြိုးလေးတွေ ဖြစ်နေလို့ပါ။  

Source : Did U Know ? 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။