ကမ္ဘာ့အကောင်းဆုံး ကစားသမား(၂)ဦးဖြစ်သည့် ခရစ္စတီယာနိုရော်နယ်ဒိုနှင့် လီယွန်နယ်မက်ဆီတို့သည် စီးရီးယားစစ်ပွဲများ ရပ်တန့်နိုင်ရန်အတွက် အလိုရှိနေပြီး စိတ်တူကိုယ်တူလုပ်ဆောင်နေသည်ဟု သိရပါတယ်။ အဆိုပါကစားသမား (၂)ဦးသည် ပြီးခဲ့သော ဗုဒ္ဓဟူးနေ့တွင် ဆီးရီးယားစစ်ပွဲများ ရပ်တန့်ရန်အတွက် လူမှုကွန်ယက်များမှ တစ်ဆင့်တိုက်တွန်းလိုက်ကြောင်းသိရပါတယ်။ မက်ဆီသည် ယူနီဆက်ဖ်၏ သံတမန်တစ်ဦး ဖြစ်ပြီး သူ၏ ကိုယ်ပိုင် facebook စာမျက်နှာမှတစ်ဆင့် ဆီးရီးယား စစ်ပွဲအကြောင်း ရပ်တန့်သွားရန်အတွက် တိုက်တွန်းဖော်ပြလိုက်ပါတယ်။ ရော်နယ်ဒိုသည်လည်း အင်စတာဂရမ်မှတစ်ဆင့် ဓာတ်ပုံတင်ပြီး ဆီးရီးယားစစ်ပွဲများ ရပ်တန့်သင့်ပြီဟု ဖော်ပြထားပါတယ်။

မက်ဆီက သူfacebook စာမျက်နှာတွင် “စစ်ပွဲတစ်ပွဲရဲ့ တစ်နေ့တာက အရမ်းကိုရှည် လျားလွန်းပါတယ်။ ဆီးရီးယားမှာ ရှိတဲ့ ကလေးငယ်တွေက အကြမ်းဖတ်မှုတွေရဲ့ ဓားစာခံလိုမျိုးဖြစ်နေပါတယ်။ (၆)နှစ်ကျော် စစ်ပွဲရဲ့ အထိနာသူလေးတွေပဲ သူတို့ရဲ့ ဖခင်တစ်ယောက်အနေနဲ့ ပြီးတော့ ယူနီဆက်ဖ်ရဲ့ သံတမန်တစ်ဦးအနေနဲ့ အသည်းတွေ ကြေကွဲမတတ်ခံစားရပါတယ်။ အားလုံးလည်း စစ်ပွဲတွေကို အဆုံးသတ်နိုင်ဖို့အတွက် ယူနီဆက်ဖ်နဲ့ ပူးပေါင်းပေးကြပါ။” ဟုရေးသားဖော်ပြထားပါသည်။ ခရစ္စတီယာနို ရော်ဒိုကလည်း “ဆီးရီးယားမှာရှိတဲ့ ကလေးငယ်တွေကလည်း အိုမာလိုပဲ သူတို့တွေရဲ့ အိမ်မက်တွေကို ပုံဖော်ထားကြမှာပါ။ ဆီးရီးယားကလေးငယ်တွေကို ကယ်တင်ကြပါ။” ဟုပြောဆိုသွားခဲ့ကြောင်း သိရှိရပါတယ်။

Photo - twitter and facebook Screenshot

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။