မန်ယူအသင်းသည် အသင်းမှဝါရင့်ကစားသမား အန်တိုနီယိုဗလန်စီယာကို အသင်းမှထွက်ခွာခွင့်ပေးလိုက်ပြီဟု သတင်းများကဖော်ပြေနေတာပဲ ဖြစ်ပြီး ၎င်းအားခေါ်ယူနိုင်ရန် ဖူလ်ဟ်အသင်းနှင့် နယူးကာဆယ်အသင်းတို့က အပြိုင်ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ အသက် ၃၃ နှစ်ရှိပြီဖြစ်သော ဗလန်စီယာသည် ယခုရာသီကုန်တွင် ပရီးမီးယားလိဂ်ငါးပွဲသာ ကစားခွင့်ရထားပြီး ရာသီကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည် ဖြစ်သောကြောင့် မန်ယူအသင်းက စာချုပ်မတိုးတော့ဘဲ ထွက်ခွာခွင့်ပေးလိုက်ပြီဟု သတင်းများကဖော်ပြခဲ့ရာ ၎င်းသည်ယခုဇန်နဝါရီဈေးကွက်မပိတ်မီ အခွင့်အရေးကောင်းရရှိပါက အသင်းပြောင်းသွားနိုင်တဲ့ အနေအထားမှာရှိနေတာပဲ ဖြစ်ပါတယ်။
The Sun သတင်းစာရဲ့ဖော်ပြမှုတွင် နယူးကာဆယ်အသင်းသည် မန်ယူအနေဖြင့် ဗလန်စီယာရဲ့လက်ကျန်စာချုပ်သက်တမ်းအတွက် ကစားသမားအားအေးရမည့်လစာများကို ဇန်နဝါရီလဈေးကွက်မှာပင် ဗလန်စီယာအားခေါ်ယူသွားရန်ရှိကြောင်း သိရပါတယ်။ ညာတောင်ပံ ခံစစ်ကစာသမား ဗလန်စီယာဟာ လက်ရှိအချိန်အထိ မန်ယူအသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်နေပေမယ့် ဒီနှစ်ရာသီမှာတော့ ပရီးမီးယားလိဂ်ပွဲ ၅ ပွဲသာ ကစားခွင့်ရထားသလို အာဆင်နယ်ကို ၃-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာလည်း အသင်းရဲ့လူစာရင်းက ချန်လှပ်ခံခဲ့ရပါတယ်။
တစ်ချို့သောအသင်းများသည် ဗလန်စီယာကို မန်ယူတွင် လက်ရှိရရှိနေသော တစ်ပတ်လုပ်ခလစာ ပေါင်တစ်သိန်းကိုပေးပြီး ရာသီကုန်အထိ အဌားစာချုပ်ဖြင့် ခေါ်ယူပြီးမှ အပြီးသတ်စာချုပ်ချူပ်လိုနေကြကြောင်းလည်း သိရပါတယ်။ ဗလန်စီယာသည် မန်ယူအတွက် ၃၃၈ ပွဲ ကစားပြီး ၂၅ ဂိုးသွင်းပေးထားနိုင်တဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။
Source - BBC Sports
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။