မတ်လ(၁၈)ရက်နေ့က ပြည်သူ့ရင်ပြင်မှာ ကျင်းပခဲ့တဲ့ အကယ်ဒမီပေးပွဲ ကြီးကတော့ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပေမယ့် လူမှုကွန်ရက်မှာ ဂယက်ထနေတဲ့ ကိစ္စတွေရှိခဲ့ပါတယ်။

ပွဲစီစဉ်သူ ဂျွန်လွင်မှ အကယ်ဒမီပေးပွဲ ရန်ပုံငွေထဲက သိန်း(၃)ထောင်ခန့် အလွဲသုံးစားလုပ်တယ်ဆိုတဲ့ သတင်းတွေလူမှုကွန်ရက်မှာအတော်လေး ပျံ့နှံနေပါတယ်။

အဆိုပါ သိန်း(၃)ထောင် အရှုပ်တော်ပုံနဲ့ပတ်သက်ပြီး အကယ်ဒမီ ပွဲစီစဉ်သူ ကိုဂျွန်လွင်ကတော့ ကောလဟလတွေနဲ့ ပတ်သက်ပြီး အခုလိုပဲ ငြင်းဆိုခဲ့ပါတယ်။

“လူတွေက ပြောတဲ့ပုံစံက ကျွန်တော်ကပဲ ကျပ်သိန်း(၃၀၀၀) မပြီး ပြေးတဲ့ပုံပြောနေတာ အရမ်းရယ်စရာကောင်းပါတယ်။ ကျွန်တော့ မိသားစု ၊ ကျွန်တော့အသိုင်းဝိုင်းကော ၊ ကျွန်တော့် အစ်ကိုကလည်း

မြန်မာပြည်ရဲ့ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ယောက်ဖြစ်တယ် သူ့ကုမ္ပဏီမှာတောင် ကျွန်တော်က အပိုင်းအစတစ်ခုအနေနဲ့ ပါတာကြောင့် ဒီလိုလည်း လုပ်စရာအကြောင်းမရှိဘူး ၊ 

သိန်း(၃၀၀၀)တောင်ကုန်သွားတယ်ဆိုရအောင် ကျွန်တော်က မြေကြီးဝယ်ပြီး ပွဲကျင်းပရတာလည်း မဟုတ်ဘူး၊ ဦးနှောက်ပျက်နေတာလည်း မဟုတ်ဘူး” လို့ ဂျွန်လွင်က ပြန်တုန့်ပြန်ခဲ့ပါတယ်။

အကယ်ဒမီပွဲကို စီစဉ်ညွှန်ကြားရေး၊ ပွဲတာဝန်ခံ ကိုဂျွန်လွင် ဟာ မြန်မာရဲ့ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်ကြီးများစာရင်း ပါ တစ်ဦးအပါဝင်ဖြစ်တဲ့ IBTC Group ဥက္ကဌ ဦးအောင်မိုးကျော် ရဲ့ ညီအရင်းလည်း ဖြစ်ပါတယ်။

အကယ်ဒမီပွဲကျင်းပတဲ့ ကုန်ကျစရိတ်မှာ ကျပ်သိန်း (၂)ထောင်ဝန်းကျင်ခန့်သာရှိပြီး မတ်လ(၁၉)ရက်အထိ ကိုဂျွန်လွင်ကို Bella မှ ကျပ်သိန်း(၁၂၀၀) သာ ငွေကြိုတင်ထုတ်ပေးထားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် Bella နဲ့ ငွေစာရင်းရှင်းလင်းမှုကို ယနေ့ မတ်လ(၂၀)ရက်တွင် ဆက်လက်ရှင်းလင်းမှာဖြစ်ပြီး Bella မှအကယ်ဒမီကုန်ကျစရိတ် (၂၀၀၀) ကို ရုပ်ရှင်အစည်းရုံးသို့ အရင်လှုဒါန်းထားတာပါ။ကိုဂျွန်လွင်ရဲ့ ပြောပြချက်အရ “မြေနေရာ အလကားရတယ် ၊ စတိတ်စင်ဆောက်တယ် ၊မီးဆင်တယ် ဘယ်လိုလုပ် သိန်း(၃)ထောင်ကုန်မှာလဲ” ၊ ဒါ့ပြင်

အကယ်ဒမီပွဲ ကျပ်သိန်း(၃)ထောင် အနက် ပိုလျှံတဲ့ငွေများကို ဇာတ်ပို့ဇာတ်ရံ နှင့် ကိုလူချောအဖွဲ့ရဲ့ ပဒေသာပင်ရန်ပုံငွေအဖြစ် မတည်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ကိုဂျွန်လွင် ရဲ့ ဖြေရှင်းချက်အရ နားလည်မှုလွဲနေသူတွေသိအောင်လည်း ပရိသတ်တွေက ရှဲပေးလိုက်ပါဦး။  

သတင်းအရင်းမြစ် Myanmar times

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။