ညကယှဉ်ပြိုင်ခဲ့တဲ့အီတလီစီးရီးအေပွဲစဉ်တစ်ပွဲဖြစ်တဲ့နာမည်ပြီးလာဇီယိုအသင်းနဲ့ဂျူဗီတို့ပွဲစဉ်မှာရော်နယ်ဒိုရဲ့ပယ်နတီသွင်းဂိုးနဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။ဒီပွဲရဲ့အနိုင်ဂိုးကိုသွင်းယူခဲ့တဲ့ရော်နယ်ဒိုကတော့ဒီနှစ်ဘောလုံးရာသီမှဂျူဗီအသင်းကိုပြောင်းရွေ့လာတာဖြစ်ပါတယ်။အသင်းကိုရောက်ရောက်တုန်းကခြေစွမ်းမပြနိုင်တာကြောင့်ဝေဖန်ခံရပေမယ့်ခုမှာတော့အသင်းရဲ့အရေးပါတဲ့သူဖြစ်နေရတာပါ။

ဒီနှစ်ဘောလုံးရာသီမှာဂျူဗီအသင်းကိုရှံးပွဲမရှိအောင်အရေးပါတဲ့သွင်းဂိုးတွေသွင်းပြီးအသင်းကိုစွမ်းဆောင်နိုင်တာဖြစ်ပါတယ်။မနေ့ကယှဉ်ပြိုင်ခဲ့တဲ့လာဇီယိုအသင်းနဲ့ပွဲစဉ်မှာတော့ပထမပိုင်းမှာလာဇီယိုအသင်းက(၁-ဝ)နဲ့ရှုံးနိမ့်ခဲ့တာဖြစ်ပြီးဒုတိယပိုင်းမှသာခြေပဂိုးတွေနဲ့အနိုင်ဂိုးတွေသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ဒီပွဲအနိုင်ကြောင့်အမှတ်ပေးဇယားရဲ့ထိပ်ဆုံးမှာရှုံးပွဲမရှိစံချိန်နဲ့ရပ်တည်နေတာဖြစ်ပါတယ်။

ရော်နယ်ဒိုကတော့ပြီးခဲ့တဲ့မကြာခင်တုန်းကလည်းဂျုဗီအသင်းကိုသူ့ရဲ့သွင်းဂိုးနဲ့ရာသီကြိုဖလားဆွတ်ခူးပေးခဲ့တာပါ။ရောက်ရှိတဲ့အသင်းတိုင်းမှာခြေစွမ်းပြပြီးဂိုးတွေသွင်းယူလေ့ရှိတာကြောင့်ကမ္ဘာကျော်ဘောလုံးသမားတစ်ယောက်ဖြစ်နေရတာပါ။ခုချိန်ထိခြေစွမ်းတွေမကျပဲအသင်းတိုင်းကိုဦးဆောင်နိုင်တဲ့ဒိုလေးရဲ့သွင်းဂိုးတွေကိုလည်းပရိသတ်တွေအားပေးကြပါဦးနော်။

SOURCE:JUVENTUS

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။