အီရတ်နိုင်ငံအတွင်းက တူရကီစစ်စခန်းတစ်ခုကိုတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၆ ရက်နေ့က ဆန္ဒပြသူတွေဝင်ရောက်စီးနင်းခဲ့ပါတယ်။

၎င်းစစ်စခန်းကတော့ အီရတ်နိုင်ငံအတွင်း ကာဒစ်ရှ်တိုင်းရင်းသားတွေရဲ့ တစိတ်တပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒါဟုဒ်မြို့နားမှာရှိတဲ့ စစ်စခန်းပဲဖြစ်ပါတယ်။

အခုလိုဝင်ရောက်စီးနင်းခဲ့တဲ့ နေရာမှာတော့ ဆန္ဒပြသူတွေထဲက ၁ ဦးသေဆုံးခဲ့ပါတယ်။

ဒါ့အပြင် ဆယ်ဦးထက်မနည်းလည်း ဒဏ်ရာရရှိခဲ့တာကြောင့် ဆေးကုသမှုတွေ ပြုလုပ်ပေးနေရပါတယ်။ 

၎င်းစစ်ခန်းအတွင်းမှာဆိုရင်လည်း တင့်ကား ၂ စီးနဲ့ အခြားသောကားတွေ မီးလောင်ကျွမ်းခဲ့ရပါတယ်။

ဒါ့အပြင် ၎င်းစစ်စခန်းအတွင်းမှာနေထိုင်ခဲ့တဲ့ တူရကီအရာရှိတွေကတော့ အဆက်အသွယ်မရသေးဘဲ ပြောက်ဆုံးနေသေးတယ်လို့သိရပါတယ်။

SOURCE _ DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။