ဒီနှစ်အကယ်ဒမီကို မတတ်ဘူးဆိုထားသော်လည်း အနက်ရောင်ဂါဝန်ရှည်ကြီးနဲ့ ရောက်ရှိလာတဲ့ ရွှေမှုန်ကတော့

အားလုံးက သူမကိုပွဲတတ်စေချင်တယ်လို့ တိုက်တွန်းတာမို့ တတ်ဖြစ်သွားတာလို့ဆိုပါတယ် ။

ရွှေဝတ်စုံတွေ ခေတ်စားခဲ့တဲ့ ဒီနှ်စ်အကယ်ဒမီမှာ မင်းသား မင်းသမီးတော်တော်များများကို

ရွှေဆိုင်များက စပွန်ဆာပေးပြီး ရွှေနဲ့ လက်ဝတ်ရတနာများ ဆင်ယင်ပေးခဲ့ကြပေမယ့်

ရွှေမှုန်ရတီကတော့ ထူးထူးခြားခြားပဲ ရွှေမပါတဲ့ ပွဲတတ်ဂါဝန်ရှည်အနက်ရောင်ကို ကျောမှာပုဝါရှည်ကြီးချပြီးတက်ရောက်လာခဲ့ပါတယ် ။ 

၆၅ သိန်းကျော်တန်တဲ့ စင်ဒရဲလားရှုးဖိနပ်လေးစီးလာပြီး လက်ဝတ်တန်ဆာတွေလဲ ရိုးရိုးရှင်းရှင်းပဲဝတ်လာခဲ့တာပါ ။

ရွှေဝတ်စုံမဝတ်ဖြစ်တဲ့ အကြောင်းနဲ့ ပါတ်သတ်ပြီး သူမက " ဒီနှစ်မှာအနုပညာရှင်တွေတော်တော်များများရွှေတွေနဲ့အလှဆင်ကြပေမယ့်

ရွှေမှုန်ကတော့ ရွှေနဲ့မလုပ်နိုင်သေးပါဘူး စပွန်ဆာပေးမယ့်သူတွေတော့ရှိပါတယ် ။ လေးလေးပင်ပင်ကြီးတွေနဲ့မလွတ်မလပ်ဖြစ်နေမှာလဲ

ကြောက်တယ် ။ သူများပစ္စည်းတွေလဲ မထိန်းသိမ်းနိုင်ပါဘူး ရိုးရိုးလေးပဲ ဝတ်ချင်တဲ့ အတွက် ဒီဇိုင်နာချုပ်ပေးတာနဲ့

ကိုယ်လိုတဲ့ဒီဇိုင်းကိုရိုးရိုးလေးပဲဖန်တီးဝတ်ဆင်ဖြစ်ခဲ့တယ် " ဆိုတဲ့ရွှေမှုန်ရတီက သူမစပွန်ဆာမယူဖြစ်ရတဲ့အကြောင်းရင်းကိုပြောပြသွားခဲ့ပါတယ် ။

Source : Oasis 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။